အသက်လက်တီကို မက်ဒရစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်သူ အာသာ ဗာမီရန်းကို ခေါ်ယူသွားဖို့အတွက် ဘယ်လ်ဂျီယံကလပ် အန့်ဝပ်အသင်းနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။

အသက် (၁၈)နှစ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ဘယ်လ်ဂျီယံ ကြယ်ပွင့်လေး ဗာမီရန်းကို ဥရောပ ထိပ်တန်း ကလပ်အသင်းပေါင်းများစွာက အပြိုင်အဆိုင် စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ဒီထဲမှာမှ အသက်လက်တီကိုက လက်ဦးမှု ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

တကယ်တော့ ဘယ်လ်ဂျီယံ လူငယ် ကွင်းလယ်ကစားသမားလေး ဗာမီရန်းကို အာဆင်နယ် နဲ့ မန်ယူနိုက်တက်တို့က ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားခဲ့ပေမယ့် ဗာမီရန်းနဲ့ အသံသိပ်မထွက်တဲ့ အသက်လက်တီကိုက ဒီနှစ်သင်းကို ကျော်လွှားပြီး ကစားသမားလေးနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

အသက်လက်တီကိုက ဗာမီရန်းအတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ယူရို (၁၅)သန်းတန် package နဲ့ ကမ်းလှမ်းခဲ့ရာနေ ထူးခြားလာခြင်း မရှိတဲ့အတွက် ပြောင်းရွှေ့ကြေး + အပိုဆုကြေး အပါအဝင် ယူရို (၂၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာ နှုတ်အားနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ဗာမီရန်းက အန့်ဝပ်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာသူဖြစ်ပြီး မနှစ်က ဘောလုံးရာသီကနေ စတင်ပြီး အန့်ဝပ် စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ပါတယ်။ ဒီကစားသမားလေးက ဒီရာသီ ချန်ပီယံလိဂ် ပွဲစဉ်အားလုံးမှာလည်း ပါဝင်ကစားခဲ့ပြီး ဘာစီလိုနာနဲ့ပွဲမှာပါ သွင်းဂိုးတစ်ဂိုးလည်း သွင်းယူခဲ့ပါသေးတယ်။

ကွင်းလယ်ခံစစ် ၊ ကွင်းလယ်ဗဟိုတန်းတို့မှာ ကစားတတ်သူ အရည်အသွေးမြင့် ဘယ်လ်ဂျီယံ ကစားသမား ဗာမီရန်းဟာ အခုဆို ဘယ်လ်ဂျီယံအတွက်ပါ ကစားပေးခွင့်လည်း ရရှိနေပြီ ဖြစ်သလို အန့်ဝပ်ကနေ အသက်လက်တီကိုလို ဥရောပထိပ်တန်း အသင်းကြီးဆီပါ ပြောင်းရွှေ့ခွင့် ရရှိတော့မှာပဲ ဖြစ်ပါတယ်။