ပြင်သစ်လီဂူးကလပ် မာဆေးလ်အသင်းနဲ့အတူ လာမယ့်ရာသီမှာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲချင်နေတဲ့ ပြင်သစ်နောက်ခံကစားသမား ဝီလီယံဆလီဘာကို အာဆင်နယ်အသင်းနည်းပြ အာတီတာက အာဆင်နယ်အသင်းဆီကိုသာ ပြန်လည်ခေါ်ယူသွားတော့မှာဖြစ်ပြီး ဘယ်အသင်းဆီကိုမှ ထပ်မံအငှားချတော့မှာ မဟုတ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံလူ ဆလီဘာဟာ ၂၀၁၉ခုနှစ်ကမှ စိန့်အက်တီယန်အသင်းကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အာဆင်နယ် စီနီယာအသင်းအတွက် တစ်ပွဲမှကို ပါဝင်ထားရခြင်း မရှိသေးပဲ အသင်းဟောင်း စိန့်အက်တီယန် နိုက်စ်နဲ့ မာဆေးလ်အသင်းတွေမှာသာ အငှားကစားသမားအဖြစ်နဲ့ ကျင်လည်နေခဲ့ရပါတယ်။ ဒီရာသီမှာတော့ မာဆေးလ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ထားပြီး အသင်းကိုပါ ချန်ပီယံလိဂ်ဝင်ခွင့်ထိ ပြန်လည်ရရှိအောင် စွမ်းဆောင်ထားလို့ တစ်နှစ်တာအတွင်း အကောင်းဆုံး လူငယ်ကစားသမားဆုပါ ဆွတ်ခူးထားခဲ့တဲ့ ဆလီဘာကို အာဆင်နယ်နည်းပြ အာတီတာက အသင်းဆီကိုသာ ပြန်လည်ခေါ်ဆောင်ချင်နေတယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။

Mikel Arteta's controversial plan that angered William Saliba proves he was  right all along - Mirror Online

Photo Credit : Mirror

မာဆေးလ်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသရင်း ပြီးခဲ့တဲ့ မတ်လကပဲ ပြင်သစ်လက်ရွေးစင်အသင်းအတွက် စတင်ကစားခွင့် ရရှိခဲ့တဲ့ ဆလီဘာက သူ့အနေနဲ့ လက်ရှိမှာ သူရဲ့မူရင်းကလပ် အာဆင်နယ်ကို ပြန်မသွားချင်သေးပဲ မာဆေးလ်မှာသာ ဆက်နေပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ချင်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်နည်းပြ အာတီတာကတော့ ဆာလီဘာနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူ ဒီကို ပြန်လာရပါမယ်။ အခုဆိုရင် သူ့မှာ ကျွန်တော်တို့နဲ့အတူ ယှဉ်ပြိုင်ဖို့အတွက် လိုအပ်တဲ့ အတွေ့အကြုံတွေ ရှိနေပါပြီ။ သူသာ ဒီနှစ်ထဲ ဒီနေရာမှာပဲ ရှိနေခဲ့မယ်ဆိုရင် ဂါဘရီရယ် ဘင်ဝှိုက်တို့နဲ့သာ ရှိနေရမယ်ဆိုရင် သူ မာဆေးလ်အသင်းမှာ ကစားခဲ့ရချိန် တဝက်လောက်တောင် ကစားရမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ သူ့မှာ အတွေ့အကြုံကောင်းတွေ ပွဲကစားချိန်တွေ ရရှိစေဖို့အတွက် ကျွန်တော်တို့အသင်းမှာ ရှိမနေခဲ့ရတာပါ။ အဲ့ဒါပါပဲ။ တခြားဘာမှတော့ ရှိမနေပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။