အာဆင်နယ်အသင်း နည်းပြ အာတီတာဟာ လာမယ့် ဈေးကွက်ထဲမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကြီးကြီးမားမား အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေရာ ဝက်စ်ဟမ်းရဲ့ အင်္ဂလန် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်အပြင် မန်စီးတီးနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဂန်ဒိုဂန်ကိုပါ ပစ်မှတ်ထားလာနိုင်တယ်လို့ သိရပါတယ်။

Is Declan Rice really the midfielder Arsenal should be signing this summer?  | Goal.com US

Photo Credit : Goal

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပါတေး ချာကာတို့ရဲ့ အကောင်းဆုံး ကွင်းလယ် အတွဲအဖက်အပြင် ဆောင်းဈေးကွက်မှာပါ ယူရိုချန်ပီယံ အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကိုပါ အသင်း ကွင်းလယ်ပိုင်းအတွက် ထပ်မံ ဖြည့်တင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာတီတာက သူ့အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံးပုံစံ ဖြစ်နေအောင် တည်ဆောက်ချင်နေတဲ့အတွက် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ဦးစားပေး ပစ်မှတ်ထားနေတာဖြစ်ပြီး လာမယ့်နွေမှာ ရိုက်စ်ကို အရ ခေါ်ယူနိုင်ဖို့ အသေအချာ ကြိုးပမ်းလာဖို့ ရှိနေပါတယ်။

Gundogan and Haaland score as Man City beats Everton 3-0 in Premier League  – DNyuz

Photo Credit : DNyuz

အာဆင်နယ်က ရိုက်စ်အပြင် သူတို့ရဲ့ ပစ်မှတ်ဟောင်း ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကိုလည်း ဆက်လက် စိတ်ဝင်စားနေဆဲဖြစ်ပြီး လာမယ့် ဇွန်လမှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျာမနီ ကွင်းလယ်ကစားသမားကြီး ဂန်ဒိုဂန်ကိုပါ ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ အသက်(၃၂)နှစ်အရွယ် ကွင်းလယ်လူ ၂၀၁၆ခုနှစ်ကတည်းက ဒေါ့မွန်ကနေ မန်စီးတီးကို ပေါင်(၂၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စီးတီး ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ဖလား (၄)ကြိမ် (မကြာခင်မှာ (၅)ကြိမ်အထိ ရယူနိုင်ပါတော့မယ်) အက်အေဖလား (၁)ကြိမ် လိဂ်ဖလား (၄)ကြိမ် နဲ့ ကွန်မြူနတီဒိုင်း (၂)ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့သလို ဒီရာသီမှာလည်း စီးတီးနဲ့အတူ ဖလား (၃)လုံးကို ဆွတ်ခူးနိုင်ဖို့ အလားအလာကောင်းနေပါတယ်။

Photo Credit : Football London

ဂန်ဒိုဂန်ဟာ စီးတီးမှာ နည်းပြကြီး ပက်ပ်ဂွာဒီယိုလာရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့တဲ့ အာတီတာနဲ့ လက်တွဲခဲ့ပြီး အခုလည်း အာဆင်နယ် နည်းပြ ဖြစ်နေတဲ့ အာတီတာက ဂန်ဒိုဂန်ကို အာဆင်နယ်အသင်းဆီ ခေါ်ဆောင်ချင်နေပါတယ်။ ဒါပေမယ့် ဂန်ဒိုဂန်က ဒီနောက်ပိုင်းမှာ စီးတီးအတွက် အရေးပါတဲ့ နေရာကနေ ဆက်တိုက် ကစားနေရတာကြောင့် သူရဲ့ စီးတီး ကစားသမားဘဝက ရှေ့ဆက်ရဖွယ်ပါ ရှိနေတာကြောင့် ဆက်လက် စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။