ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာမယ့် နွေဈေးကွက်မှာ နော်တင်ဟမ် ဖောရက်စ်ရဲ့ စွယ်စုံရ တိုက်စစ်ကစားသမား မော်ဂန် ဂစ်ဘ်ဝှိုက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် တိုက်စစ်ကစားသမား ဂစ်ဘ်ဝှိုက်က ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက နောက်ချန်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် နေရာတွေမှာလည်း အကောင်းဆုံး ကစားနိုင်စွမ်း ရှိကာ နော်တင်ဟမ် ဖောရက်စ်ရဲ့ အဓိက တိုက်စစ်ကစားသမားလို့ ပြောရင်လည်း မမှားပါဘူး။

Photo Credit: Tribuna

ဂစ်ဘ်ဝှိုက်က ယခုနှစ် ဘောလုံးရာသီမှာ နော်တင်ဟမ် ဖောရက်စ် အတွက် ပြိုင်ပွဲစုံမှာ ၃၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ကြိမ်သာ ရရှိထားပေမယ့် နော်တင်ဟမ် ဖောရက်စ်ရဲ့ တိုက်စစ်က ဂစ်ဘ်ဝှိုက်ရဲ့ အကွက်မြင်မှုနဲ့ အတိုးအလှုပ်တွေ အပေါ် အခြေခံနေတာပါ။

ဒါကြောင့်ပဲ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် တချို့က ဂစ်ဘ်ဝှိုက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဂစ်ဘ်ဝှိုက်ကလည်း သူ့ရဲ့ ကစားသမားဘဝ အတွက် လာမယ့် နွေဈေးကွက်မှာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ ကစားချင်နေပါတယ်။

Photo Credit: Sky Sports

အင်္ဂလန်နိုင်ငံရဲ့ တက်သစ်စ ဘောလုံးသတင်းထောက် အဲလက်စ် ဝုဒ်ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က လာမယ့် နွေဈေးကွက်မှာ ဂစ်ဘ်ဝှိုက်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေသလို ဂစ်ဘ်ဝှိုက်ရဲ့ ကိုယ်စားလှယ်တွေထံ ဆက်သွယ်မှု တချို့တောင် လုပ်ပြီးပြီလို့ သိရှိရပါတယ်။

နော်တင်ဟမ် ဖောရက်စ်ကတော့ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းရရင် ဂစ်ဘ်ဝှိုက် အပါအဝင် အသင်းရဲ့ အဓိက ကစားသမား အများအပြားကို ရောင်းထုတ်ဖို့ စဉ်းစားထားပြီး နော်တင်ဟမ် ဖောရက်စ်က ဂစ်ဘ်ဝှိုက်အတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိပါတယ်။