ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်ရှိ အမှတ်ပေးဇယားထိပ်ကို ရောက်ရှိနေတဲ့ အာဆင်နယ်အသင်းက အကောင်းဆုံးအသင်းပဲလို့ ထင်မိကြောင်း ဘရိုက်တန် နည်းပြဖြစ်သူ ရောဘတ်တို ဒီဇာဘီက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ် နဲ့ ဘရိုက်တန်အသင်းတို့ဟာ မနေ့ညကပဲ Emirates ကွင်းမှာ ရင်ဆိုင် ယှဥ်ပြိုင်ခဲ့ကြပြီး အိမ်ရှင် အာဆင်နယ်က ပွဲချိန်ပြည့်နီးပါး ထိုးဖောက် ဖိအားပေး ကစားသွားရင်း ဂျေဇူး ဟာဗက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ် နိုင်ပွဲ ရရှိခဲ့ပါတယ်။

Photo Credit : The Athletic

အာဆင်နယ်က ဘရိုက်တန်ကို အနိုင်ရထားချိန်မှာ လီဗာပူးလ် နဲ့ မန်စီးတီးတို့က သရေပွဲကိုယ်စီနဲ့ အမှတ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေသးဇယားထိပ်ဆုံးမှာ အသင်းအပြောင်းအလဲ ​ဖြစ်သွားခဲ့ရပြီး အာဆင်နယ်က ထိပ်ဆုံးနေရာကို ပြန်လည် ရောက်ရှိသွားခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီထဲ ပရီးမီးယားလိဂ် ပွဲစဥ် (၁၇)ပွဲအထိ ကစားထားပြီးချိန်မှာ ရမှတ် (၃၉)မှတ်အထိ ရယူထားနိုင်ခဲ့ပြီး လီဗာပူးလ် ဗီလာတို့ထက် (၁)မှတ် သာလွန်နေသလို လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းထက်လည်း (၅)မှတ်အထိ အသာရလျက် ရှိနေပါတယ်။

Photo Credit : Youtube

အာဆင်နယ်အသင်းရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘရိုက်တန် နည်းပြ ဒီဇာဘီက “အာဆင်နယ်က ကျွန်တော်တို့ထက် အများကြီး ပိုကောင်းပါတယ်။သူတို့က ဒီပွဲကို အနိုင်ရဖို့အတွက်လည်း ထိုက်တန်ပါတယ်။ ကျွန်တော်တို့အသင်းကတော့ အများကြီး ခံစားခဲ့ရပါတယ်။”

“အာဆင်နယ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းလို့ ကျွန်တော် ထင်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော် ဒီပွဲမှာ အရင်ပွဲတွေကလိုမျိုး ပွဲကို ထိန်းချုပ်တာတွေလည်း မလုပ်နိုင်ခဲ့ဘူး။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။