အာဆင်နယ်အသင်းဟာ လာမယ့် နွေစျေးကွက်အတွင်းမှာ ကွင်းလယ်လူ ချာကာ ဘယ်နောက်ခံကစားသမား တီယာနေး အပါအဝင် Reims အသင်းမှာ အငှားချထားရင်း ခြေစွမ်းပြနေတဲ့ ဘာလိုဂန်တို့ကို ရောင်းထုတ်သွားဖို့ ရှိနေပြီး ဒီကစားသမားတွေအတွက် ကမ်းလှမ်းမှုတိုင်းကို နားစွှင့်သွားမယ်လို့ သိရပါတယ်။

Photo Credit : Football365

အာဆင်နယ်အသင်းဟာ ဒီနှစ် ဘောလုံးရာသီထဲ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ချာကာ ပါတေးတို့ အတွဲအဖက်ကို အများဆုံး အသုံးပြုထားခဲ့ပေမယ့် လာမယ့်နွေမှာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူသွားဖို့ ရှိနေရာ ရိုက်စ်ရဲ့ တန်ကြေးက မြင့်မားလွန်းနေတာရော တကယ်လို့ ရိုက်စ် ရောက်လာရင် ချာကာက နေရာပျောက်ဖို့ သေချာသလောက် ရှိနေတာကြောင့်ပါ ချာကာကို ရောင်းထုတ်ဖို့ စီစဥ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football365

ဒါ့အပြင် ဒီရာသီမှာ စီးတီးကနေ အာဆင်နယ်ကို ရောက်ရှိလာပြီးနောက်ပိုင်း ဆက်တိုက် ကစားခွင့် ရရှိနေတဲ့ ဇင်ချန်ကိုကြောင့် နေရာပျောက်လာရသူ တီယာနေးကိုလည်း အာဆင်နယ်က ရှင်းထုတ်သွားချင်နေပါတယ်။ လတ်တလောမှာတော့ စကော့တလန် ဘယ်နောက်ခံကစားသမား တီယာနေးကို နယူးကာတယ် အပြင် မန်စီးတီးအသင်းကပါ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Photo Credit : Football London

ဒီကစားသမားတွေကို အသင်းကနေ ရောင်းထုတ်ဖို့ ရှိနေတဲ့အပြင် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တောင်ပံကစားသမား ရီးစ်နယ်လ်ဆန် အိန်စလေမေလန်းနိုင်းစ်တို့ကိုပါ အသင်းကနေ free transfer တွေနဲ့ ထွက်ခွာခွင့်ပြုသွားဖို့လည်း ရှိနေပါတယ်။ ပြီးသွားရင်တော့ ဒီရာသီ လီဂူးဝမ်းပြိုင်ပွဲမှာ Reims အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေသူ ဘာလိုဂန်ကိုလည်း အသင်းဆီ ပြန်ရောက်လာချိန်မှာပဲ အရောင်းစာရင်း တင်ဖွယ် ရှိနိုင်ပါတယ်။ အာဆင်နယ် အကယ်ဒမီထွက် ကစားသမားလေး ဘာလိုဂန်ဟာ ဂါဘရီရယ်ဂျေဇူး အက်ဒီအန်ခီတီယာတို့ကို ကျော်လွန်ပြီး အာဆင်နယ် တိုက်စစ်မှာ နေရာရဖို့ မလွယ်တာကြောင့် ရောင်းထုတ်သွားဖွယ်သာ ရှိနိုင်ပြီး ကွင်းလယ် နဲ့ ခံစစ်ပိုင်းတွေ အားဖြည့်တင်းမှုတွေ ပြန်လည် လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။