အနာဂတ်နဲ့ ပတ်သက်ပြီး လာမယ့်ဇွန်လအထိ စောင့်ရအောင်လို့ ပြောဆိုထားခဲ့ဖူးတဲ့ အဲဗာတန် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ရဲဲ့ ဝန်ခံပြောဆိုစကားအပြီးမှာ ရစ်ချာလီဆန်ရဲ့အခြေအနေကို လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ကနေ အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Cult hero Richarlison has suggest4e3d he will soon reveal if he'll stay at Everton

Photo Credit : The Sun

အသက်(၂၅)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ သူရဲ့အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ကို တန်းမဆင်းရအောင် အဓိကနေရာကနေ ပါဝင်စွမ်းဆောင်နိုင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ (၉)ပွဲအတွင်းမှာလည်း (၆)ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး တန်းမဆင်းဖို့ အရေးကြီးဆုံး ပွဲစဉ်ဖြစ်တဲ့ ပဲလေ့စ်နဲ့ပွဲမှာလည်း အဲဗာတန်အတွက် အရေးကြီးဆုံး သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရစ်ချာလီဆန်က သူ့အနာဂတ်နဲ့ ပတ်သက်ပြီး “ကျွန်တော် ကလပ်ဘုတ်အဖွဲ့ကို ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးသားပါ”

Richarlison: Lampard and Everton 'know what I want' | Stadium Astro -  English

Photo Credit : Stadium Astro

“နောက်ပြီး ကျွန်တော် လမ်းပတ်နဲ့ရော အေးဂျင့်နဲ့ပါ စကားပြောဆိုထားပါတယ်။ သူတို့က ကျွန်တော် ဘာလိုချင်နေသလဲဆိုတာကိုလဲ သိပါတယ်။ ဇွန်လအထိ စောင့်ကြည့်ရအောင်။ အခုတော့ ကျွန်တော် ပြောလို့မရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အဲဗာတန်မှာ ရှိနေခဲ့စဉ်တုန်းက အမှတ်တရတွေ အသင်းပရိသတ်တွေဆီက ရရှိလာတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ဒီလိုအချိန်မျိုးမှာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတာမျိုးကို ပြောလို့မရနိုင်တာပါ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။ လက်ရှိမှာ အနာဂတ် မရေမရ ဖြစ်လို့နေရတဲ့ အဲဗာတန် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို တိုက်စစ်ပိုင်း လိုအပ်ချက်ရှိနေတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့က ခေါ်ယူသွားဖို့ ချိန်ရွှယ်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အူဘာမီယန်းကို လက်လွတ်ထားခဲ့သလို လာမယ့်နွေမှာလည်း လာကာဇက်ကိုပါ ဆုံးရှုံးရနိုင်တာကြောင့် ရစ်ချာလီဆန်လို တိုက်စစ်ကစားသမားမျိုးကို ခေါ်ယူချင်နေသလို ချယ်လ်ဆီးကလည်း လူကာကူရဲ့ ခြေစွမ်းပိုင်းကို အားမရတာကြောင့် ရစ်ချာလီဆန်ကို အာဆင်နယ်နဲ့အပြိုင် ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ရစ်ချာလီဆန်ဟာ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်နေတာကြောင့် ရစ်ချာလီဆန်ရဲ့ အနာဂတ်က စိတ်လှုပ်ရှားစရာ ဖြစ်နေရပါတယ်။