လီဗာပူးလ်အသင်းဟာ နွေစျေးကွက်အတွင်း အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာဒီယိုမာနေးနဲ့ မိုဟာမက်ဆာလာတို့က တစ်ဦးဦးကို လက်လွတ်သွားရမယ်ဆိုရင် သူတို့ရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဆွန်ဟောင်မင်ကို အရခေါ်ယူသွားဖို့ ဟန်ပြင်ထားခဲ့ပြီး စပါးအသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် အရခေါ်ယူသွားဖို့ စဉ်းစားထားခဲ့ဖူးတယ်လို့ Football London ကနေ ဖော်ပြသွားခဲ့ပါတယ်။

Tottenham star Son Heung-min has unique edge over Mohamed Salah in Golden Boot race - football.london

Photo Credit : Football London

လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မာနေးနဲ့ဆာလာတို့ နှစ်ဦးစလုံးဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး မိုဆာလာက အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ဆက်လက်ရှိနေမယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပေမယ့် မာနေးကတော့ အသင်းမှာ ဆက်လက်ရှိနေတော့မှာ မဟုတ်ကြောင်း အသိပေးထားခဲ့ပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်လာမှာကို ကြိုတင်တွက်ဆထားမိတဲ့ လီဗာပူးလ်အသင်းဟာ တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်ကို ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်သွားဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

Son Heung-min makes history with Golden Boot win - Rediff Sports

Photo Credit : Twitter

လီဗာပူးလ်အသင်းဟာ စပါးအသင်းအနေနဲ့ Top 4 ဝင်ခွင့်ကနေ လွဲချော်ခဲ့မယ်ဆိုရင် သူတို့ရဲ့ အဓိက ကစားသမား ဆွန်ဟောင်မင်ကို ကမ်းလှမ်းမှုကြီးတစ်ခုနဲ့ အရခေါ်ယူသွားဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးတွေနဲ့ စပါးအသင်းက အဆင့်(၄)နေရာကို ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ပိုင်ဆိုင်သွားခဲ့ရအတွက် ဆွန်ဟောင်မင်ကို အသင်းမှာပဲ လုံးဝဆက်ထိန်းထားဖို့က သေချာသလောက် ရှိသွားခဲ့ရပါတယ်။ ကိုရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ စပါးအသင်းအတွက် သွင်းဂိုးတွေ အဆက်မပြတ် သွင်းယူပေးခဲ့ရင်းကနေ လီဗာပူးလ်တိုက်စစ်ကစားသမား မိုဆာလာနဲ့ပါ ဂိုးအရေအတွက်ချင်း တူညီသွားခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးဆုကိုပါ ဆာလာနဲ့ ပူးတွဲပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၉)နှစ်အရွှယ်ရှိ ဆွန်ဟာ ပြီးခဲ့တဲ့နှစ်ကမှ စပါးအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့ပြီး အသင်းကိုလည်း အကောင်းဆုံးပုံစံနဲ့ ဦးဆောင်ထားနိုင်တာဖြစ်လို့ လီဗာပူးလ်အနေနဲ့ လက်ရှိမှာ ဆွန်ကို ခေါ်ယူဖို့က မဖြစ်နိုင်တော့လို့ ဆွန်ထက် လတ်တလောမှာ အသင်းနဲ့ သတင်းတွေထွက်နေတဲ့ အူစမန်ဒမ်ဘီလီကိုသာ ဦးစားပေး ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။