မန်ချ​က်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က မနက်ဖြန်ည မန်ချက်စတာ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဥ်ပြိုင်ကစားမယ့် ယူနိုက်တက်နဲ့ အိုမိုးနီးယားအသင်းတို့ရဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဥ်ကို အသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ် လွဲချော်ရလိမ့်မယ်လို့ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

Photo Credit : Daily Mail

ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ပြီးခဲ့တဲ့ တနဂ်နွေက အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်မှသာ အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် စတင် ကစားခဲ့ရတာဖြစ်ပြီး ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ ဂွတ်ဒီဆင်ပတ်ခ်မှာ ကစားခဲရတဲ့ ပွဲစဥ်မှ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရတဲ့ မာစီယဲလ်ဟာ အဲ့ဒီပွဲမှာပါ နောက်ကြောဒဏ်ရာ ထပ်မံရရှိခဲ့တာကြောင့် ပွဲချိန်အတွင်းမှာ ရော်နယ်လ်ဒိုနဲ့ လူစားလဲခဲ့ရသလို မနက်ဖြန်ညမှာ ကစားမယ့် အိုမိုးနီးယားနဲ့ ပွဲစဥ်ကိုပါ လွဲချော်ရတော့မယ်လို့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကိုယ်တိုင် အသိပေး ပြောကြားလိုက်ပါတယ်။

Photo Credit : Daily Mail

မာစီယဲလ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး နည်းပြတန်ဟက်ဂ်က “ဒီနေ့ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ဘူး။ တနင်္ဂနွေနေ့အထိ သူရဲ့ဒဏ်ရာအခြေအနေ ဘယ်လို တိုးတတ်လာနေမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ပါမယ်။ ဟာရီမက်ဂွိုင်းယားလည်း မပါဝင်နိုင်သေးဘူး။ ဒွန်နီဗန်ဒယ်ဘိခ်နဲ့ အာရွန်ဝမ်ဘစ်ဆာခါတို့လည်း ကာလရှည် နားရဦးမယ်။ မာစီယဲလ်က သူကစားခဲ့ရတဲ့ မိနစ်တိုင်းမှာ ကောင်းကောင်း ကစားခဲ့နိုင်ပြီးတော့ အန်တိုနီရဲ့ ဂိုးမှာတောင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တယ်။ ဒီလိုအချိန်မှာ ဒဏ်ရာထပ်ရလို့ သူ့အတွက် တကယ်ကို စိတ်ပျက်မိတယ်။ သူက press လုပ်တာလည်း ကောင်းတယ်။ အသင်းအတွက် အရေးကြီးတဲ့နေရာက ကစားနိုင်ခဲ့ပြီး ကစားတာလည်း ကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် သိသာထင်ရှားတာကတော့ သူ ဒဏ်ရာရသွားလို့ ဆက်မကစားနိုင်တော့က သူ့အတွက်ရော အသင်းအတွက်ကပါ စိတ်ပျက်စရာ ဖြစ်ရတယ်။ အသင်းက ကစားသမားတိုင်းကို ကျွန်တော် အလိုရှိတယ်ဆိုတာကတော့ အသေအချာပါပဲ။ အထူးသဖြင့် ပွဲစဉ်တွေအားလုံး ပေါ်လာတဲ့အခါမှာ ကစားသမားတချို့ မရနိုင်တာက စိတ်ပျက်စရာပါ။ ဒီလို ကစားသမားတွေ မရနိုင်တဲ့ အခါမျိုးမှာ ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ကစားနိုင်တဲ့ ကစားသမားတွေအပေါ် အာရုံစိုက်ဖို့ လုပ်ဆောင်ရပါမယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မာစီယဲလ်ဟာ အိုမိုးနီးယားနဲ့ ပွဲအတွက် fitness ပိုင်း အားနည်းချက်ကြောင့် မပါဝင်နိုင်ပေမယ့် နယူးကာဆယ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပါဝင်လာနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။