မနေ့ညက ဘာနေဗျူးကွင်းမှာ ကစားသွားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့ပွဲစဉ်မှာ ဘန်ဇီမာ အဆန်စီယိုတို့ရဲ့ ဂိုးတွေနဲ့ ရီးယဲလ်က (2-0) နဲ့ အနိုင်ရခဲ့ပေမယ့်လည်း စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ကစားရဦးမယ့် ဒုတိယအကျော့ ပွဲစဉ်အထိ အဆုံးအဖြတ် ခံယူသွားရဦးမယ်လို့ ရီးယဲလ်နည်းပြ ကားလို့အန်စလော့တီက သတိပေး ပြောဆိုသွားခဲ့ပါတယ်။

Real Madrid 2-0 Chelsea: Player Ratings as Benzema and Asensio score for Los Blancos in a comfortable win | UEFA Champions League 2022-23

ဒီနောက်ပိုင်းနှစ်တွေအတွင်း ချန်ပီယံလိဂ်မှာ မကြာခဏကို တွေ့ဆုံနေရတတ်တဲ့ ရီးယဲလ် နဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဒီရာသီမှာလည်း ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ထပ်မံ တွေ့ဆုံနေရပါတယ်။ အခုတစ်ကြိမ် ဘာနေဗျူးကွင်းထဲ တွေ့ဆုံမှုမှာတော့ အိမ်ရှင်အသင်းက တစ်ပွဲလုံးနီးပါး ဖိအားပေး တိုက်စစ်ဆင် ကစားရင်းနဲ့ ချဲလ်ဆီးကို အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် ရီးယဲလ် နည်းပြကြီး အန်စလော့တီကတော့ ပွဲက မပြီးဆုံးသေးပဲ ဒုတိယအကျော့ပွဲစဉ်အထိ အဆုံးအဖြတ် ခံယူရဦးမယ်လို့ ဝန်ခံ ပြောကြားလာပါတယ်။

Photo Credit : Football365

“ချဲလ်ဆီးအသင်းက ကစားသမားကောင်းတွေနဲ့ အရမ်းကောင်းမွန်တ့ အသင်းတစ်သင်းပါ။ ကျွန်တော်တို့ သူတို့ကို (2-0)နဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာလည်း အခွင့်အရေးကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲက မပြီးဆုံးသေးပါဘူး။ ကျွန်တော်တို့ စတမ်းဖို့ဒ်ဘရစ်ချ်ကို သွားပြီး တိုက်ပွဲဝင်ဖို့ လိုပါသေးတယ်။ ကျွန်တော့် ကစားသမားတွေက နောက်ထပ် မိနစ်(၉၀) ကစားဖို့ ကျန်နေသေးတယ်ဆိုတာ နားလည်ထားကြပါတယ်။ ဒုတိယအကျော့မှာ ကျွန်တော်တို့ ခက်ခဲပါလိမ့်မယ်။ ဒါကို ရင်ဆိုင်သွားဖို့အတွက် ကျွန်တော်တို့ အဆင့်သင့် ဖြစ်ရပါမယ်” အန်စလော့တီက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Keepup

လက်ရှိမှာ ရီးယဲလ်အသင်းက လာလီဂါပြိုင်ပွဲအတွင်း သူတို့ရဲ့ အခါးသီးဆုံးပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ (၁၃)မှတ်အထိ ကွာဟနေတာကြောင့် အမှီလိုက်ဖို့က မလွယ်တော့တဲ့အတွက် ချန်ပီယံလိဂ်ဘက်ကိုသာ ပိုမို အာရုံစိုက်လာဖွယ် ရှိနေပြီး ချဲလ်ဆီးကိုသာ ဖြတ်ကျော်နိုင်မယ်ဆိုရင်တော့ မနှစ်က ပွဲစဉ်တွေအတိုင်း မန်စီးတီးအသင်းနဲ့ ထပ်မံ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။