မန်ချက်စတာ စီးတီးအသင်းရဲ့ အာဂျင်တီးနား ကြယ်ပွင့်ကစားသမားလေး ယူလီယန် အယ်လ်ဗာရက်ဇ်ကတော့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ရီးယဲလ်အသင်းက လာမယ့် ၂၀၂၄ခုနှစ် နွေရာသီမှာ အသင်းတိုက်စစ်ပိုင်းအတွက် မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေတို့ကို ပစ်မှတ်ထားနေပေမယ့်လည်း ဟာလန်းရဲ့ စီးတီးအသင်းဖော် အယ်လ်ဗာရက်ဇ်ကိုလည်း တခြား option အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit : The Times

အသက် (၂၃)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်က ၂၀၂၂ခုနှစ်ကမှ အာဂျင်တီးနားကလပ် ရေးဗားပလိတ်ကနေ မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ပထမဆုံး စီးတီး ကစားသမားဘဝမှာပဲ Treble Champions ပါ ဆွတ်ခူးနိုင်ခဲ့သလို အာဂျင်တီးနားနဲ့လည်း ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ပါသေးတယ်။

လက်ရှိ ဘောလုံးရာသီမှာလည်း မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၃)ပွဲ ပါဝင်ထားပြီး (၆)ဂိုး သွင်းယူထားတဲ့ အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ မတ်လကမှ မန်စီးတီးနဲ့ ၂၀၂၈ခုနှစ်အထိ သက်တမ်းတိုးထားပေမယ့် ဘောလုံးသမားတိုင်းရဲ့ အိမ်မက်ဖြစ်တဲ့ ရီးယဲလ်အသင်းရဲ့ စိတ်ဝင်စားမှု ရရှိနေခြင်းအပေါ် နှစ်သက်လျက် ရှိနေပါတယ်။

Photo Credit : 365score

ရီးယဲလ်က ဒီနွေမှာ ကွင်းလယ်ပိုင်းအတွက်ကို ဘယ်လင်ဟမ်ကို ယူရို (၁၀၃)သန်းထိ သုံးစွဲထားပြီး ရင်းနှီးထားတာဖြစ်လို့ လာမယ့်နွေမှာတော့ တိုက်စစ်ပိုင်းအတွက် အသုံးစရိတ်များစွာ အသုံးပြုသွားဖို့ ရှိနေပါတယ်။

ဒါကြောင့် ရီးယဲလ်က သူတို့ရဲ့ ပစ်မှတ် အယ်လ်ဗာရက်ဇ်ကို လာမယ့်နှစ်မှာ အရ ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၈၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်နေပြီလို့ပါ သတင်းတွေမှာ ဖော်ပြလာပါတယ်။