ဆော်ဒီ ထိပ်သီးကလပ် အယ်လ်ဟီလာအသင်းကတော့ သူတို့အသင်းရဲ့ စူပါစတား တိုက်စစ်ကစားသမား နေမာကို အသင်းကနေ လုံး စာချုပ် ဖျက်သိမ်းသွားမှာ မဟုတ်ဘူးလို့ အတိအလင်း ထုတ်ပြန်လိုက်ပါတယ်။

အယ်လ်ဟီလာအသင်းဟာ ပြီးခဲ့တဲ့ နွေဈေးကွက်ကတည်းက လီယွန်နယ် မက်ဆီ ၊ ကီလီယန် အမ်ဘာပေတို့လို ကမ္ဘာ့ဘောလုံးလောကရဲ့ ဒိတ်ဒိတ်ကြဲ ကစားသမားတွေကို ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ မက်ဆီ ဘာပေတို့ရဲ့ အသင်းဖော် နေမာကိုသာ ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : The Independent

အယ်လ်ဟီလာက ဘရာဇီးလ် စူပါစတား နေမာအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၉၀)အထိ အသုံးပြုခဲ့ပြီး ဆော်ဒီလိဂ်ဆီ ရော်နယ်လ်ဒိုလို big name player တစ်ဦးကို ခေါ်ဆောင်နိုင်ခဲ့ပေမယ့်လည်း နေမာက အယ်လ်ဟီလာအတွက် (၅)ပွဲသာ ကစားပြီးချိန်မှာပဲ ဒူးဒဏ်ရာကြီး ရသွားခဲ့လို့ ကာလရှည်ကြာအထိ အနားယူလိုက်ရပါတယ်။

အယ်လ်ဟီလာက နေမာကို မခေါ်ယူခင် မီထရိုဗစ် မယ်လ်ကွန် မီလင်ကိုဗစ်ဆာဗစ် နေးဗက်စ် ကူလီဘလီ ဘူနူ မိုက်ကယ်တို့ ရှိနေခဲ့ပြီး နိုင်ငံခြား ကစားသမား အရေအတွက်ဟာလည်း သတ်မှတ်ထားတဲ့ ပမာဏအတိုင်း (၈)ဦး ဖြစ်နေခဲ့ပါတယ်။

Photo Credit : Fabrizio Romano

အခုဈေးကွက်ထဲမှာလည်း အယ်လ်ဟီလာက မာဆေးလ်ကနေ ဘယ်နောက်ခံလူ ရီနန် လိုဒီကို ခေါ်ယူထားခဲ့ပြီး လိုဒီကို အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းဖို့ကလည်း အသင်းမှာ ရှိနေတဲ့ ကစားသမားတစ်ဦးကို ဖယ်ရှားဖို့ လိုအပ်နေတဲ့အချိန် အယ်လ်ဟီလာအနေနဲ့ နေမာကို စာချုပ်ဖျက်သိမ်းတော့မယ်ဆိုပြီးပါ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ကောလဟာလတွေ ထွက်ပေါ်နေသလို အယ်လ်ဟီလာအသင်းက နေမာကို စာချုပ်ဖျက်သိမ်းဖို့ အစီအစဉ် လုံးဝ မရှိပဲ သူရဲ့ လက်ရှိ ဒဏ်ရာ အခြေအနေကြောင့်သာ အသင်းရဲ့ လူစာရင်းကနေပဲ ခေတ္တ ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ လာမယ့် ရာသီကျရင်လည်း ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေက နိုင်ငံခြား ကစားသမား အရေအတွက်ကို တိုးမြှင့်ပေးမှာမို့ အဲ့ဒီအခါ အယ်လ်ဟီလာက နေမာကို အသင်းရဲ့ ကစားသမားစာရင်းထဲ ပြန်လည် ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။