တောင်ကိုရီးယား လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမား အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ အာရှဖလားပြိုင်ပွဲကို ပါဝင် ဆင်နွဲနေစဉ်အတွင်း သူရဲ့တောင်ကိုရီးယား အသင်းဖော်တွေနဲ့ ပြသာနာ ဖြစ်ပွားခဲ့ရင်း လက်ချောင်း အဆစ်လွဲသွားခဲ့ရတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအသင်းနဲ့ ၂၀၁၈ခုနှစ်က အာရှအားကစားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့်လည်း အာရှဖလားမှာတော့ ၂၀၁၅ခုနှစ်က ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတာမို့ အခု ၂၀၂၃ခုနှစ်မှာ ချန်ပီယံဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။

Photo Credit : Sporting News

ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၃ အာရှဖလားပြိုင်ပွဲအတွင်း ဆွန်ရဲ့ တောင်ကိုရီးယားက ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့ပြီး အုပ်စုတွင်း ပြိုင်ဘက် ဂျော်ဒန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရာ ဂိုးပေါက်တည့် ကန်ချက်တောင် တစ်ကြိမ်မှ မရှိခဲ့ပဲ (၂)ဂိုးပြတ်နဲ့ပါ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါတယ်။

ဒီလို ဂျော်ဒန်ကို မရှုံးနိမ့်ခင်အတွင်း အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က သူရဲ့ အသင်းဖော် ပီအက်စ်ဂျီ ကစားသမား လီကန်အင် အပါအဝင် အသင်းဖော်တချို့နဲ့ ပြင်းပြင်းထန်ထန် အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့သေးပြီး ဆွန်ကလည်း လက်ချောင်း အဆစ်လွဲသွားခဲ့ရပါတယ်။

Photo Credit : The US Sun

ဒီဖြစ်စဉ်က အသင်းက အသက်ငယ်ရွယ်တဲ့ ကစားသမားတွေဟာ ပင်ပေါင်ကစားဖို့အတွက် အသင်းရဲ့ အဖွဲ့လိုက် ထမင်းစားသောက်နေမှုကို အလျင်အမြန် ပြီးအောင် လုပ်ဆောင်နေတဲ့အတွက် အသင်းခေါင်းဆောင် ဆွန်က သတိပေး ပြောဆိုရာကနေ စတင် ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကိစ္စကနေ ရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ရာ ဆွန်ဟောင်မင်က လီကန်အင်ရဲ့ အင်္ကျီကော်လံကို ဆွဲကိုင်ခဲ့သလို ဆွန်ရဲ့ လက်ချောင်းတွေ အဆစ်လွဲသွားခဲ့ရပါတယ်။ ဒါကြောင့် ဆွန်ဟာ ဂျော်ဒန်နဲ့ပွဲမှာကတည်းက ညာဖက် လက်ညိုးနဲ့လက်ခလယ်တို့ကို တိတ်တွေနဲ့ စည်းထားခဲ့ပေမယ့် ဂျော်ဒန်နဲ့ပွဲအပြီး အင်တာဗျူးမှာတော့ ဒီကိစ္စတွေအကြောင်း သူမသိဘူးလို့သာ ထွက်ဆိုသွားခဲ့ပါတယ်။