မနေ့ညက ဝင်ဘလေကွင်းကြီးထဲ ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ လိဂ်ဖလား ဗိုလ်လုပွဲစဉ်မှာ ယူနိုက္တက္က (၂-၀)နဲ့ အနိုင်ယူပြီး (၅)ရာသီအထိ ဖလားလက်မဲ့ ဖြစ်နေမှုကိုပါ အဆုံးသတ်နိုင်ခဲ့ပါတယ်။
Photo Credit : Barron
ယူနိုက်တက်အသင်းဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီနောက်ပိုင်း ဆုဖလားတွေနဲ့ အလှမ်းကွာဝေးနေရတာဖြစ်ပြီး ဒီလို ဖလားလက်မဲ့ ရာသီကို အဆုံးသတ်နိုင်ခဲ့တာက အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ပဲ ဖြစ်ပါတယ်။ အသင်းကို လပိုင်းသာ ကိုင်တွယ်ထားခဲ့ရသေးတဲ့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်က ဘောလုံးရာသီ (၅)ရာသီအထိ အသင်းနဲ့ အလှမ်းဝေးနေရတဲ့ ဆုဖလား အောင်မြင်မှုတွေကို ပြန်လည် ရယူပေးနိုင်ခဲ့ပြီး အသင်းကိုလည်း အကောင်းဆုံးပုံစံ ရရှိအောင်ပါ စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။
Photo Credit : Caught Offside
ဒီလို စွမ်းဆောင်နိုင်ခဲ့တဲ့ တန်ဟက်ဂ်က ယူနိုက်တက် အသင်းအတွက် ပထမဆုံးသော ဆုဖလား ရယူပေးခဲ့ချိန်မှာ သူနဲ့အတူ အေဂျက်စ်အသင်းမှာကတည်းက တွဲဖက်ခဲ့ဖူးတဲ့ လီဆန်ဒရိုမာတီနက်ဇ် အန်တိုနီတို့နဲ့အတူ ကခုန်မြူးထူးပြီး အောင်ပွဲခံသွားခဲ့ပါတယ်။ တန်ဟက်ဂ်က သူ့အသင်းဟောင်း အေဂျက်စ်မှာ ဆုဖလားတွေ ရယူနိုင်ခဲ့ချိန်ကတည်းက သူရဲ့ကစားသမားတွေနဲ့ ခုလို အောင်ပွဲခံခဲ့တာ ဖြစ်ပေမဲ့လည်း ဒါကို ဗြိတိန်ရဲ့ နာမည်ကြီး ရုပ်သံတင်ဆက်သူ ပီယာ့စ်မော်ဂန်က လှောင်ပြောင်သွားခဲ့ပါတယ်။
Photo Credit : The Sun
“မန်ချက်စတာယူနိုက်တက် နည်းပြနဲ့ ကစားသမားများက ကာရာဘောင်းဖလားကို ဆွတ်ခူးပြီးတဲ့နောက် ပျော်ရွင်စွာ ကခုန်နေကြတာကို မြင်ရတာ မယုံနိုင်လောက်အောင် ရှက်စရာကောင်းပါတယ်” လို့ ပီယာ့စ်မော်ဂန်က လှောင်ပြောင်သွားခဲ့ပါတယ်။