မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် ကစားသမားအင်အား ထပ်မံ ဖြည့်တင်းသွားဖို့အတွက် ရီးယဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ဖာလန်မန်ဒီ အာဆင်နယ် ဘယ်နောက်ခံလူ ကီရန်တီယာနေးနဲ့ ချယ်လ်ဆီး ဘယ်နောက်ခံလူ ဘင်ချီဝဲလ်တို့ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။
Photo Credit : Manchester Evening News
မန်စီးတီးအသင်းဟာ ဘယ်ခြမ်းခံစစ်ပိုင်းအတွက် ကန်ဆယ်လို မန်ဒီနဲ့ ဂိုးမက်ဇ်တို့ ရှိနေပေမယ့်လည်း ကန်ဆယ်လိုက တကယ်တမ်းမှာ ညာနောက်ခံလူ ဖြစ်နေသလို ဘင်ဂျမင်မန်ဒီကလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် အမှုရင်ဆိုင်နေရတာကြောင့် ဒီရာသီ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာဂျီယိုဂိုးမက်ဇ် တစ်ဦးတည်းသာ စိးတီးရဲ့ ဘယ်နောက်ခံလူအဖြစ် ရှိနေရပါတယ်။ အသင်းအတွက် တစ်ဦးတည်းသော ဘယ်ခြမ်းခံစစ်ကစားသမား ဂိုးမက်ဇ်ဟာလည်း ကန်ဆယ်လိုနေရာ ခြိမ်းခြောက်နိုင်ရလောက်တဲ့အထိ မစွမ်းဆောင်နိုင်တာကြောင့် မန်စီးတီးအနေနဲ့ နောက်ထပ် ဘယ်နောက်ခံလူတစ်ဦးကို ထပ်မံ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : We Ain’t Got Not Histroy
မန်စီးတီးအသင်းဟာ ဘယ်နောက်ခံနေရာအတွက် မန်ဒီ ချီဝဲလ်နဲ့ တီယာနေးတို့ကို ပစ်မှတ်ထားလျက် ရှိနေပေမယ့် ကူကူရယ်လာကြောင့် ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာ ပျောက်ဆုံးလာခဲ့ရတဲ့ အင်္ဂလန် ဘယ်နောက်ခံလူ ချီဝဲလ်ကို ပိုုမို စိတ်ဝင်စားလို့နေပါတယ်။ ဗြိတိန်ရဲ့ နာမည်ကြီး သတင်းမီဒီယာ The Athletic ရဲ့ ဖော်ပြချက်တွေအရ မန်စီးတီးအသင်းက လက်စတာ နောက်ခံအစွန်လူဟောင်း ချီဝဲလ်ကို အသေအချာ ပစ်မှတ်ထားနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ တကယ်တော့ မန်စီးတီးအသင်းဟာ ဒီနှစ် နွေဈေးကွက်မှာကတည်းက အသင်းရဲ့ left-back player ဇင်ချန်ကို ကို အာဆင်နယ်အသင်းဆီ ရောင်းချခဲ့ပြီးနောက် ဘရိုက်တန်ရဲ့ စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာကို အစားထိုး ခေါ်ယူဖို့ ချိန်ရွယ်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးက မန်စီးတီးထက် လက်ဦးမှု ရယူခဲ့သလို ချယ်လ်ဆီးမှာလည်း ကူကူရယ်လာ ရောက်ရှိလာပြီးနောက် ချီဝဲလ်ရဲ့ ပွဲကစားခွင့်က အကန့်အသတ်နဲ့ ဖြစ်လာခဲ့တာကြောင့် မန်စီးတီးဘက်က ချီဝဲလ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘင်ချီဝဲလ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး ဒီရာသီအတွင်း ချယ်လ်ဆီးအတွက် (၈)ပွဲသာ ပွဲထွက်ကစားထားခဲ့ရပါတယ်။