အာဆင်နယ်အသင်းရဲ့ ယူကရိန်း နောက်ခံ အစွန်လူ အိုလက်ခ်ဆန်ဒါဇင်ချန်ကိုက အာဆင်နယ် နည်းပြ မီခယ်လ်အာတီတာဟ သူ့ကို မန်စီးတီးအသင်းကနေ ထွက်ခွာပြီး အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာနိုင်အောင် အဓိက ဆွဲဆောင်နိုင်ခဲ့သူတစ်ဦး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Zinchenko has been a vital part of Arsenal's surprise Premier League title challenge this season

Photo Credit : Daily Mail

ယူကရိန်း လက်ရွေးစင် side-back ကစားသမား ဇင်ချန်ကိုဟာ ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ မန်စီးတီးကနေ အာဆင်နယ်အသင်းဆီ ပေါင်(၃၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် ဇင်ချန်ကိုက အာတီတာရဲ့ လက်အောက်မှာ အဓိက ကစားသမားတစ်ဦးပါ ဖြစ်နေခဲ့ရပါပြီ။ ဇင်ချန်ကိုက စီးတီးအသင်းမှာ ကစားခဲ့စဉ်တုန်းကလည်း နည်းပြ ပက်ပ်ဂွာဒီယိုလာရဲ့ လက်ထောက်ဖြစ်သူ အာတီတာနဲ့ (၃)နှစ်နီးပါးလောက် လက်တွဲခဲ့ဖူးပါသေးတယ်။ အခုလို အာတီတာနဲ့ အာဆင်နယ်အသင်းမှာပါ ထပ်မံ လက်တွဲဖြစ်ခဲ့ရတာက အဓိက အကြောင်းအရင်းကတော့ အာတီတာရဲ့ ဘောလုံးအပေါ် အမြင်နဲ့ ကာရိုက်တာတွေကြောင့် ဖြစ်တယ်လို့ ဇင်ချန်ကိုက ရှင်းပြသွားခဲ့ပါတယ်။

Zinchenko had previously worked with Arteta when the Spaniard was an assistant at Man City

Photo Credit : Daily Mail

“သူ့အတွက် အကျိုးသက်ရောက်မှုတွေနဲ့ အခု ကျွန်တော့်အတွက်ရော အများကြီးပါပဲ။ တစ်နေ့ ကျွန်တော်က မန်စီးတီးကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ် အသင်းမှာပဲ ဆက်ရှိဖြစ်မယ်ဆိုရင် နည်းပြတစ်ဦးတည်းနဲ့သာ လက်တွဲမယ်လို့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ အဲ့ဒါကလည်း သူပါပဲ။ ဘောလုံးအားကစားအပေါ် သူရဲ့အမြင့် ၊ အမြင်အာရုံတွေ ၊ သူရဲ့ ပင်ကိုယ်လက္ခဏ ၊ အရည်အချင်းတွေနဲ့ သူက winner တစ်ယောက်ပါပဲ။ အဲ့ဒါတွေကတော့ လူတွေဆီကနေ ကျွန်တော် သဘောအကျမိရဆုံး အရာတွေပါ။ သူက ကျွန်တော့်ကို ကစားသမားတစ်ဦးအဖြစ်နဲ့ရော လူတစ်ဦးအနေနဲ့ပါ သေချာသိနေတာမို့ အာဆင်နယ်ကို မပြောင်းခင်မှာ ကျွန်တော်တို့ စကားစမြည် ပြောဖြစ်တယ်။ သူက ကျွန်တော့်ဆီကနေ သူ မြင်ချင်တာတွေကို ပြောတယ်။ ကလပ်အသင်းရဲ့ အမြင်တွေ အစီအစဉ်တွေ ချုပြတယ်။ ဒါတွေ အားလုံးကို သဘောကျလို့ ကျွန်တော် ဒီကို ရောက်လာခဲ့တာပါ” လို့ ဇင်ချန်ကိုက ဖွင့်ဟသွားခဲ့ပါတယ်။

Oleksandr Zinchenko (right) revealed Mikel Arteta's influence in his decision to leave Man City

Photo Credit : Daily Mail

အသက်(၂၆)နှစ်အရွယ် ဘယ်နောက်ခံကစားသမား ဇင်ချန်ကိုဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲပေါင်း(၂၂)ပွဲအတွင်း (၂၁)ပွဲအထိ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရသလို ခြေသလုံးနဲ့ ဒူး ဒဏ်ရာတွေကြောင့်သာ ပွဲ(၇)ပွဲကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။