မန်ချက်စတာစီးတီးအသင်းရဲ့ ယူကရိန်း ဘယ်နောက်ခံကစားသမား အိုလက်ခ်ဆန်းဒါးဇင်ချန်ကိုက အခုနှစ် နွေဈေးကွက်အတွင်းမှာ သူရဲ့လက်ရှိကလပ် မန်စီးတီးအသင်းကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိနေပေမယ့်လည်း သူ့ကို ခေါ်ယူသွားချင်နေတဲ့ ကလပ်အသင်းတွေအနေနဲ့ သူ့ကို ကွင်းလယ်ကစားသမားအဖြစ် အသုံးပြုသွားပါမယ်ဆိုပြီး ကမ်းလှမ်းလာမှသာ ပြောင်းရွှေ့ဖို့ စဉ်းစားသွားမယ်လို့ သိရှိရပါတယ်။

Man City face battle to keep Oleksandr Zinchenko amid Arsenal interest - Manchester Evening News

Photo Credit : Manchester Evening News

အသက်(၂၅)နှစ်အရွှယ်ရှိ ယူကရိန်းလက်ရွေးစင် နောက်ခံကစားသမား ဇင်ချန်ကိုဟာ ယူကရိန်းထိပ်တန်းကလပ် ရှက်တာဒိုးနက်အသင်းရဲ့ လူငယ်အကယ်ဒမီမှာ ပါဝင်ခဲ့ရပေမယ့် သူရဲ့စီနီယာ ကစားသမားဘဝကို ရုရှားကလပ် Ufa မှာ စတင်ခဲ့ရပြီး ၂၀၁၆ခုနှစ်မှာပဲ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ လက်ရှိမှာ မန်စီးတီးနဲ့ ဘောလုံးရာသီ (၅)ရာသီထိ ဖြတ်သန်းထားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၄)ကြိမ်ထိ ပိုင်ဆိုင်ထားတဲ့ ဇင်ချန်ကိုဟာ ကစားသမားကောင်းတွေ ပုံအောနေတဲ့ မန်စီးတီးအသင်းမှာ ပွဲကစားခွင့်တွေ အကန့်အသတ်နဲ့သာ ရရှိနိုင်တာဖြစ်လို့ ပုံမှန်နေရာအတွက် အာမခံချက်ရှိတဲ့ ကလပ်အသင်းတစ်ခုကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။

Arsenal, West Ham have contrasting plans for Zinchenko as Man City future comes into focus

Photo Credit : TEAMtalk

မန်စီးတီးအသင်းနဲ့ (၂)နှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဇင်ချန်ကိုဟာ သူလက်ရှိ ပါဝင်ကစားနေတဲ့ နောက်ခံအစွန်လူ နေရာထက် ကွင်းလယ်နေရာမှာသာ ကစားချင်နေပြီး သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေအနေနဲ့ ကွင်းလယ်နေရာမှာ အသုံးပြုနိုင်မယ်လို့ အာမခံပေးတဲ့ အသင်းကိုသာ ဦးစားပေး ပြောင်းရွှေ့သွားလိမ့်မယ်လို့ 90Min ကနေ ဖော်ပြသွားခဲ့ပါတယ်။ ဇင်ချန်ကိုဟာ နောက်ခံအစွန်လူအဖြစ်သာမက central midfielder အဖြစ်နဲ့ရော left midfield နေရာမှာပါ ပါဝင်ကစားတတ်သူဖြစ်လို့ နေရာစုံမှာ ထားသုံးနိုင်ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ကွင်းလယ်မှာပဲ ကစားချင်နေပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် ဝက်စ်ဟမ်းအသင်းတို့က ဇင်ချန်ကိုကို ခေါ်ယူသွားချင်နေကြပြီး ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဘက်ကလည်း နောက်ထပ် ကစားသမားသစ်တွေ မခေါ်ယူခင်မှာ နာသန်အကီနဲ့ ဇင်ချန်ကိုတို့ကို အသင်းကနေ ရောင်းထုတ်သွားဖို့ လိုအပ်နေတဲ့အတွက် မကြာခင်မှာပဲ အပြောင်းအရွှေ့တွေ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။