ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ လက်ရှိနည်းပြ ဂရေဟမ်ပေါ်တာကိုသာ ရာထူးကနေ ထုတ်ပယ်ဖြစ်မယ်ဆိုရင် သူ့နေရာမှာ ပြန်လည် အစားထိုးသွားဖို့အတွက် အသင်းလက်မဲ့ ဖြစ်နေသူ နာမည်ကြီး နည်းပြနှစ်ဦးဖြစ်သော ဇီဒန်းနဲ့ လူးဝစ်အင်းနရစ်တို့ကို စောင့်ကြည့်လျက် ရှိနေပြီး ဒီနည်းပြထဲကမှ တစ်ဦးဦးကို ခန့်အပ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Football London

လက်ရှိအချိန် အသင်းနည်းပြပေါ်တာ လက်ထက်မှာ ချဲလ်ဆီးအသင်းက ရလဒ်ပိုင်းတွေ ဆိုးရွှားလွန်းနေပြီး အခြေအနေဆိုးတစ်ခုကို ရောက်ရှိနေတာကြောင့် အသင်းပရိသတ်တွေက နည်းပြအပြောင်းအလဲ လုပ်ဆောင်ပေးဖို့ အသင်းပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့ဝင်တွေကို တောင်းဆိုထားပြီး အသင်းပိုင်ရှင်တွေကလည်း ပေါ်တာကို အချိန်တစ်ခုပေးဖို့ စီစဉ်ထားပေမဲ့ အသင်းရလဒ်တွေကြောင့် ပရိသတ်တွေရဲ့ တောင်းဆိုမှုအတိုင်း လုပ်ဆောင်ဖွယ်ပါ ရှိလာခဲ့ပါတယ်။

Zinedine Zidane and Luis Enrique 'are frontrunners to become next Chelsea  manager' as pressure mounts on Potter | The Sun

Photo Credit : The Sun

တကယ်လို့သာ ပေါ်တာကို နည်းပြရာထူးကနေ ထုတ်ပယ်ဖြစ်ခဲ့မယ်ဆိုရင် သူ့နေရာမှာ ရီးယဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းနဲ့ ဘာစီလိုနာ စပိန်လက်ရွေးစင် နည်းပြဟောင်း အင်းနရစ် သူတို့နှစ်ဦးထဲက တစ်ဦးဦးနဲ့ ပြန်လည် အစားထိုးသွားဖို့အတွက် ချဲလ်ဆီးဘက်က ချိန်ရွယ်ထားပါတယ်။ နှစ်ဦးလုံးကတော့ ရီးယဲလ်နဲ့ ဘာစီလိုနာ ကစားသမားဟောင်းတွေ ဖြစ်သလို သူတို့အသင်းဟောင်းတွေကို နည်းပြအဖြစ် ပြန်လည် ကိုင်တွယ်ရမှာလည်း အောင်မြင်မှုတွေများစွာ ရယူပေးနိုင်ခဲ့ကြပါတယ်။ နောက်ပြီး နှစ်ဦးလုံးက လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေကြတာခြင်းလည်း တူညီနေတာကြောင့် ချဲလ်ဆီးသာ အသေအချာ ချဉ်းကပ်မှုတွေ လုပ်ဆောင်လာခဲ့မယ်ဆိုရင် ဇီဒန်း နဲ့ အင်းနရစ်ထဲက တစ်ဦးဦးကို အသင်းနည်းပြ ရာထူးအတွက် တာဝန်ပေးလာနိုင်ဖွယ် ရှိပါတယ်။

Photo Credit : The Mirror

သူတို့နှစ်ဦးမှာ အင်းနရစ်က ပိုပြီး နည်းပြအတွေ့အကြုံပိုင်း အနည်းငယ် သာလွန်နေပြီး ဆုဖလား အောင်မြင်မှုအပိုင်းမှာကတော့ နည်းပြနှစ်ဦးလုံး မတိမ်းမယိမ်း ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီနည်းပြတွေက အင်္ဂလန် ဘောလုံးနယ်ပယ်နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိလှတာကြောင့် ချဲလ်ဆီးအနေနဲ့ ဘယ်နည်းပြကို ရွေးချယ် ခန့်အပ်သွားမလဲဆိုတာ တချက် စောင့်ကြည့်ရပါလိမ့်မယ်။ သေချာတာ တစ်ခုက ဇီဒန်းနဲ့ အင်းနရစ်တို့က ပေါ်တာထက် image ပိုမြင့်မားတဲ့ နည်းပြတွေဖြစ်လို့ သူတို့ထဲက ဘယ်သူပဲ ကိုင်တွယ်ကိုင်တွယ် ချဲလ်ဆီးအတွက် အဆင်ပြေနိုင်မယ်လို့ ယူဆမိပါတယ်။