လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးကို ဝင်ရောက် ဆင်နွဲခွင့် ရရှိထားတဲ့ စီးရီးအေကလပ် လာဇီယိုအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အိုင်ဗရီကို့စ် တောင်ပံကစားသမား ဝီးလ်ဖရက်ဒ်ဇာဟာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် ပြင်ဆင်လာခဲ့ပြီလို့ သိရပါတယ်။

Lazio are interested in signing upcoming free agent Wilfried Zaha at the end of the month

Photo Credit : Daily Mail

အသက် (၃၀)အရွယ်ရှိ ပဲလေ့စ်ရဲ့ ဝါရင့် တောင်ပံကစားသမား ဇာဟာဟာ လက်ရှိမှာ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ပဲလေ့စ်ဘက်ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့် ဇာဟာကိုယ်တိုင်ကတော့ အတွေ့အကြုံအသစ်တွေ ရင်ဆိုင်သွားဖို့အတွက် အသင်းနဲ့သာ လမ်းခွဲချင်နေပါတယ်။ ဒီလို အသင်း အပြောင်းအလဲ လုပ်ဆောင်နေတဲ့ ဇာဟာကို ဆော်ဒီကလပ် အယ်လ်နာဆာ အပါအဝင် ဥရောပ ကလပ်အသင်းတွေက အပြိုင် ခေါ်ယူချင်နေပြီး အခုလည်း လာဇီယိုအသင်းပါ ဇာဟာကို စိတ်ဝင်စားလာခဲ့ပါတယ်။

Zaha is keen to establish himself in Italy after spending most of his career at Crystal Palace

Photo Credit : Daily Mail

လာဇီယိုအသင်းက ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ အဆင့် (၂)နေရာအထိ ရပ်တည်နိုင်ခဲ့တာကြောင့် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်ခွင့် ရရှိထားတာလို့ နွေဈေးကွက်ထဲမှာ အသင်းအတွက် ကစားသမားကောင်းတွေ ခေါ်ယူ အားဖြည့်ချင်လာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လာဇီယိုက ပရီးမီးယားလိဂ် ကြယ်ပွင့်တစ်ဦးဖြစ်သူ ဇာဟာကို စတင် စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး အခြားသော ကလပ်အသင်းနဲ့အပြိုင် ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ဇာဟာကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကနေ ထွက်ခွာပြီး စီးရီးအေ အပါအဝင် အခြားသော ဥရောပထိပ်သီး လိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ဆင်နွဲဖို့ ဆန္ဒရှိနေသလို အခု သူ့ကို ခေါ်ယူချင်နေတဲ့ လာဇီယိုကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့် ရရှိိထားတာမို့ ဇာဟာအနေနဲ့ လာဇီယိုဆီ ပြောင်းရွှေ့ချင်နေပါတယ်။ ဒါ့အပြင် ဇာဟာ လာဇီယို နည်းပြကြီး ဆာရီရဲ့ ၄-၃-၃ ကစားကွက်မှာပါ အံ့ဝင်ခွင့်ကျနိုင်သူ ဖြစ်နေတာကြောင့် အရ ခေါ်ယူဖွယ်လည်း ရှိနေပါတယ်။