အာဆင်နယ်နည်းပြ အာတီတာဟာ မနေ့ညက အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း အသင်းရဲ့ ကစားသမားသစ်ဖြစ်သူ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ဒုတိယပိုင်း ပွဲကစားချိန် (၅၉)မိနစ်မှာ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးနဲ့ လူစားလဲ အသုံးပြုခဲ့တာကြောင့် အာဆင်နယ် ပရိသတ်များစွာက အာတီတာရဲ့ လူစားလဲမှုအပေါ် ဝေဖန်သွားခဲ့ကြပါတယ်။

Xhaka Needed To Go Out Not Partey': Arsenal Fans Left Baffled As Arteta Brings off Partey for Jorginho Leading To Everton Goal | Football/Soccer | Peacefmonline.com

Photo Credit : Daily Mail

ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းဟာ ဆောင်းဈေးကွက်ရဲ့ နောက်ဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့ပြီး အဲဗာတန်နဲ့ ယှဉ်ပြိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ စတင် အသုံးပြုသွားခဲ့ပါတတယ်။ အာဆင်နယ်နည်းပြ အာတီတာက ဂျော်ဂျင်ဟိုကို ပွဲထွက်လူစာရင်းမှာ စတင် သုံးစွဲတာမျိုး မဟုတ်ပဲ ပွဲကစားချိန် တစ်နာရီခန့်မှာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားဖြစ်သူ ကွင်းလယ်လူ ပါတေးနဲ့ လူစားလဲပြီး ထည့်သွင်း အသုံးပြုခဲ့တာ ဖြစ်သလို ဂျော်ဂျင်ဟိုကို ထည့်သွင်းလို့ တစ်မိနစ်လေးအကြာမှာပဲ အဲဗာတန်ကို ထောင့်ကန်ဘောကနေ သွင်းဂိုး ခွင့်ပြုပေးသွားခဲ့ရပါတယ်။

Arsenal fans left baffled as boss Mikel Arteta brings off Thomas Partey for new signing Jorginho | Daily Mail Online

Photo Credit : Daily Mail

ဒီလို လူစားလဲလှယ်မှုနဲ့ ပတ်သတ်ပြီး အာဆင်နယ် ပရိသတ်တွေက “အာတီတာက ပါတေးနေရာမှာ ဂျော်ဂျင်ဟိုကို ထည့်သွင်းဖို့ အရမ်းကို စိတ်အားထက်သန်လွန်းနေတယ်” “ပါတေးက ဒဏ်ရာလည်း မရပဲနဲ့ ဘာကြောင့် လူစားလဲလိုက်ရတာလဲ” “တကယ်လို့ အာတီတာသာ ပါတေးအစား ချာကာကို လူစားလဲခဲ့တာဆိုရင် ကျွန်တော်တို့လည်း ထောင့်ကန်ဘောကနေ ပေးဂိုးတစ်ဂိုး ခွင့်ပြုရတော့မှာ မဟုတ်ဘူး” “ပါတေးကို ထုတ်လိုက်တဲ့အချိန်မှာပဲ အဲဗာတန်က ပွဲကို ဦးဆောင်လိုက်တယ်။ ဒါက ပါတေးရဲ့သက်ရောက်မှုပဲ” အာတီတာက ပါတေးကို ထုတ်ပြီး လူစားလဲလိုက်တာ မှားယွင်းသွားတယ်။ ပါတေးထက် ချာကာကသာ လူစားလဲလိုက်ဖို့ လိုအပ်နေတာ” လို့ မှတ်ချက်ပြု ဝေဖန်သွားခဲ့ပါတယ်။ အာဆင်နယ်ကို အနိုင်ရလိုက်တဲ့ အဲဗာတန်အသင်းဟာ ဒီရာသီမှာ အတော်လေးကို အခြေအနေ ဆိုးရွားနေတဲ့ ကလပ်အသင်းဖြစ်ပြီး တန်းဆင်းဇုန်ထဲမှာပါ ရောက်ရှိနေရတဲ့အပြင် အခုပွဲမတိုင်ခင် ပရီးမီးယားလိဂ် (၈)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့ အသင်းဖြစ်လို့ ဒီလို အသင်းမျိုးကို ရှုံးနိမ့်ခဲ့ရတဲ့ အာဆင်နယ်အတွက် အတော်လေးကို အထိနာစေခဲ့ရပါတယ်။