ဝက်စ်ဟမ်အသင်း နည်းပြ ဒေးဗစ် မိုရက်စ်က ကစားသမားဟောင်း ဂျက်ဆီ လင်ဂတ်ကို အသင်းဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ စဉ်းစားနေတယ်လို့ The Guardian သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

မန်ယူနိုက်တက် နဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ကစားသမားဟောင်း ကွင်းလယ် တိုက်စစ် ကစားသမား လင်ဂတ်ဟာ လက်ရှိမှာ နော်တင်ဟမ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းလက်မဲ့ ကစားသမား ဖြစ်နေရပါတယ်။

Photo Credit : Transfermarket

အသက် (၃၀)အရွယ် အင်္ဂလန် လက်ရွေးစင်ဟောင်း လင်ဂတ်က မန်ယူနိုက်တက် လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး မနှစ်ကမှ ယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးပြီး နော်တင်ဟမ် ဖောရက်စ်အသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် လင်ဂတ်က နော်တင်ဟမ်မှာ လုံးဝ ခြေစွမ်းပြနိုင်ခြင်း မရှိပဲ ပရီးမီးယားလိဂ် (၁၇)ပွဲအတွင်း တစ်ဂိုးမှ မသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မှ မလုပ်နိုင်ခဲ့ကာ flop ခဲ့ရပါတယ်။ ဒါကြောင့်ပဲ နော်တင်ဟမ်ဘက်က လင်ဂတ်ကို စာချုပ်သစ် မကမ်းလှမ်းတော့ပဲ အလွတ်နဲ့သာ လက်လွတ်လိုက်ပါတယ်။

Photo Credit : Sky Sports

တကယ်တော့ လင်ဂတ်က ယူနိုက်တက် နဲ့ လမ်းခွဲရချိန်မှာ ဝက်စ်ဟမ်းကလည်း နော်တင်ဟမ်နဲ့အတူ ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ပေမယ့်လည်း လင်ဂတ်က နော်တင်ဟမ်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ လင်ဂတ်က ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ လက်ကျန် ရာသီဝက်ကို ဝက်စ်ဟမ်းမှာ အငှားနဲ့ လာရောက် ကစားရင်း ဝက်စ်ဟမ်းအတွက် အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း free agent player ဖြစ်နေတဲ့ လင်ဂတ်ကို ဝက်စ်ဟမ်း နည်းပြ မိုရက်စ်က အသင်းမှာ လေ့ကျင့်ရေး လုပ်ဆောင်စေပြီး ကာလတို စာချုပ်နဲ့ ခေါ်ယူဖို့လိုလည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းက အေဂျက်စ်အသင်းရဲ့ ဂါနာကြယ်ပွင့် မိုဟာမက် ကူဒက်စ်ကို ခေါ်ယူဖို့လည်း ဆက်လက် လုပ်ဆောင်လျက် ရှိနေပါတယ်။