လာမယ့် ဇွန်လ(၃၀)ရက်နေ့မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဂျာမနီနောက်ခံလူ အန်တိုနီယိုရူဒီဂါဟာ အသင်းနဲ့ သက်တမ်းမတိုးတော့ပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာ ဖြစ်သလို ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ပါ သဘောတူညီမှု ရရှိထားပြီး (၄)နှစ်စာချုပ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။

Antonio Rudiger leaving Chelsea for Real Madrid is Frank Lampard's fault, says Paul Merson | Football News | Sky Sports

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ရူဒီဂါဟာ ၂၀၁၇ခုနှစ်ကမှ ရိုးမားအသင်းကနေ ချယ်လ်ဆီးအသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြိး အသင်းနဲ့အတူ ချန်ပီယံလိဂ် ယူရိုပါလိဂ် ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလား အက်အေဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ (၅)ရာသီအတွင်း အသင်းအတွက် ပွဲပေါင်း (၂၀၂)ပွဲအထိ ပါဝင်ခဲ့တဲ့ ရူဒီဂါဟာ အခုလက်ရှိမှာတော့ ချယ်လ်ဆီးအသင်းနဲ့ လက်တွဲဖြုတ်ရတော့မှာဖြစ်ပြီး အသင်းနဲ့ ဆက်လက် လက်တွဲဖြစ်လို့ မရနိုင်တော့တဲ့ အကြောင်းအရင်းတွေကို ရူဒီဂါက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ရူဒီဂါက “ကံမကောင်းစွာနဲ့ပဲ ကျွန်တော်ရဲ့ စာချုပ်ညှိနှိုင်းမှုတွေက ပြီးခဲ့တဲ့ ဆောင်းဦးရာသီလောက်မှာ စတင် ခက်ခဲလာခဲ့ရပါတယ်။ စီးပွားရေးကတော့ စီးပွားရေးပါပဲ။ ဒါပေမယ့် ခင်ဗျားအနေနဲ့ သြဂုတ်လကနေ ဇန်နဝါရီလလောက်အထိ အသင်းဆီကနေ ဘာသတင်းအခြေအနေမှ မကြားရတဲ့အခါမျိုးမှာ အခြေအနေတွေက ရှုပ်ထွေးလာတတ်ပါတယ်။ ပထမကမ်းလှမ်းချက်အပြီးမှာ ကွာဟချက်က ဘာမှ သိပ်မရှိပါဘူး။ ကျွန်တော်တို့က စက်ရုပ်တွေမှ မဟုတ်တာ။ ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့အနာဂတ်ကို မသေချာ မရေရာမှုများစွာနဲ့ လအတန်ကြာတဲ့အထိ ခင်ဗျားစောင့်နိုင်မှာ မဟုတ်ဘူး။ ပိတ်ဆို့အရေးယူမှုတွေ လာတော့မယ်ဆိုတာကို ဘယ်သူမှ မသိကြတာ သေချာပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ တခြားကလပ်အသင်းကြီးတွေက ကျွန်တော့်ကို စိတ်ဝင်စားမှုတွေ ပြလာခဲ့တော့ ကျွန်တော်လည်း ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရပါတော့တယ်။ ချယ်လ်ဆီးအသင်းက ကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ လန်ဒန်မြို့ကလည်း အမြဲတမ်း ကျွန်တော်ရဲ့ အိမ်ပါ။ ကျွန်တော် ဒီအသင်းကနေ လေးလံနေတဲ့ နှလုံးသားနဲ့ ထွက်ခွာခဲ့ရပါတယ်။ ချယ်လ်ဆီးနဲ့ ပတ်သက်တာအားလုံးက ကျွန်တော့်အတွက်တော့ အမြဲတမ်း အဓိပ္ပါယ် ရှိစေပါတယ်။ ဒီရာသီမှာတောင် ရှုပ်ထွေးမှုတွေနဲ့အတူ ပျော်ရွှင်စရာတွေလည်း ရှိခဲ့ရပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။