တော့တင်ဟမ်ဟော့စပါးနည်းပြ အန်တိုနီယိုကွန်တီက မီလန်မြို့မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ရှံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ ပွဲစဉ်အတွင်း အိမ်ရှင် အေစီမီလန်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရပေမယ့် လန်ဒန်မှာ ပြန်လည် ယှဉ်ပြိုင်ရမယ့် ဒုတိယအကျော့ပွဲမှာ ဒီရလဒ်ကို အလှည့်အပြောင်း လုပ်နိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

Injuries and suspension meant Spurs had only two available centre midfielders ¿ Oliver Skipp (above), 22, and Pape Matar Sarr, 20

Photo Credit : Daily Mail

မနေ့ညက ဆန်စီရိုကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အေစီမီလန်နဲ့ တော့တင်ဟမ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အိမ်ရှင်မီလန်က ဘရာဟင်ဒီးယက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး ရလဒ်ကောင်းတစ်ခု ရယူနိုင်ခဲ့ပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးကွင်းမှာ ပြန်လည် ယှဉ်ပြိုင်ရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာတော့ စပါး ပြန်လာနိုင်လိမ့်မယ်လို့ စပါးနည်းပြ ကွန်တီက ယုံကြည်လျက် ရှိနေပါတယ်။

Antonio Conte (pictured) vowed to be back to his best by the time Tottenham welcome AC Milan to north London

Photo Credit : Daily Mail

“ပွဲအစကနေ အဆုံးထိတောင်အောင် စစ်ပွဲတစ်လို ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တယ်။ ကျွန်တော်တို့က ပြင်းပြင်းထန်းထန်နဲ့ ယှဉ်ပြိုင်သွားခဲ့တာကြောင့် သူတို့အတွက်ရော ကျွန်တော်တို့အတွက်ပါ ကစားရတာ ခက်ခဲစေရပါတယ်။ ကျွန်တော်တို့က ပထမပွဲအကြောင်းကိုပဲ ပြောနေကြတယ်။ ပွဲက နှစ်ကျော့ ကစားရတာပါ။ ကျွန်တော်တို့ ကွင်းမှာ ကစားရမယ့်ပွဲမှာ ရလဒ်ကောင်းဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကလည်း မီလန်ကို ကျော်ဖြတ်သွားနိုင်ဖို့ အရေးပါလှတဲ့ အားပေးမှုတွေကို ဖန်တီးပေးသွားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ စပါးနည်းပြ ကွန်တီက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

'I'm really happy for the performance from Skippy and Sarr,' Conte said

Photo Credit : Daily Mail

အီတလီလူမျိုး ဘောလုံးနည်းပြ ကွန်တီဟာ သည်းခြေအိတ် ဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသမှု ခံယူလို့အပြီးမှာ လက်စတာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း စပါးနည်းပြ တာဝန်တွေကို ပြန်လည် ထမ်းဆောင်ခဲ့ပေမယ့် ကင်းပါဝါမှာ အိမ်ရှင်အသင်းကို ရှုံးနိမ့်ခဲ့ရသလို အခုလည်း ဆန်စီရိုမှာပါ မီလန်ကို ထပ်မံ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ လာမယ့် weekend မှာတော့ ကွန်တီရဲ့ စပါးအသင်းက ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲစဉ် ဆင်နွဲရမှာ ဖြစ်သလို အဲ့ဒီပွဲအပြီးမှာလည်း နောက်ထပ် လန်ဒန်ဒါဘီ ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။