လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ နောက်ခံလူ ဗာဂျယ်ဗန်ဒိုက် ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်အတွင်းမှာ ရရှိသွားခဲ့တဲ့ တံကောက်ကြောဒဏ်ရာဟာ ထင်ထားတာထက်ကို ပိုမို ဆိုးရွှားဖွယ် ရှိနေတာကြောင့် အထူးကု ဆရာဝန်နဲ့ ပြသသွားဖို့အထိပါ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : LFC Rumour

မကြာသေးခင်ကမှ လီဗာပူးလ် ကစားသမားဘဝ (၅)နှစ်ပြည့်ထားခဲ့ရတဲ့ ဗန်ဒိုက်ဟာ တနင်းလာနေ့ညက ဘရန့်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားခဲ့ရင်း ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဒုတိယပိုင်း ပြန်လည် မစတင်ခင်မှာပဲ မာတစ်နဲ့ လူစားလဲခဲ့ရပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်ရဲ့ ဆေးအဇွဲ့ဝင်တွေရဲ့ ကနဦး စမ်းသပ်ချက်တွေအရ ဗန်ဒိုက်ရဲ့ တံကောက်ကြော ဒဏ်ရာဟာ ထင်ထားတာထက်တောင် ဆိုးရွှားဖွယ် ရှိနေတာကြောင့် အခုဆိုရင် အထူးကု သမားတော်နဲ့ပါ ပြသသွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကတော့ ဗန်ဒိုက်ရဲ့ ဒဏ်ရာအခြေအနေ မဆိုးရွှားစေဖို့ မျှော်လင့်ထားကြောင်း ပြောဆိုထားခဲ့ပေမယ့် အထူးကုနဲ့ ပြသပြီး စစ်ဆေးချက်တွေ ထပ်မံ လုပ်ဆောင်ပြီးမှသာ ဘယ်လောက်အထိ အနားယူရမလဲဆိုတာကို သေသေချာချာ သိရှိရမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ဗန်ဒိုက်သာ ကာလရှည်ကြာ အနားယူသွားရမယ်ဆိုရင် လီဗာပူးလ်အတွက် ကြီးမားတဲ့ ထိုးနှက်တစ်ခု ဖြစ်လာနိုင်ပြီး ရက်ပစ်ဝီအန်အသင်းဆီ အငှားချထားတဲ့ ပြင်သစ် နောက်ခံကစားသမားလေး ဘီလီကူမတ်တီယိုကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ဖွယ်လည်း ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ အခု ဆောင်းဈေးကွက်ထဲ နယ်သာလန် တောင်ပံကစားသမားလေး ကိုဒီဂက်ပိုကို PSV အသင်းကနေ ခေါ်ယူထားခဲ့ပြီး ကွင်းလယ်ကစားသမားတစ်ဦးပါ ထပ်မံ ခေါ်ယူသွားဖွယ်လည်း ရှိနေတာကြောင့် ဗန်ဒိုက်သာ ဒဏ်ရာကြောင့် ကာလရှည်ကြာ နားရမယ်ဆိုရင် ခံစစ်ပိုင်းအတွက် ကစားသမား မခေါ်ယူတော့ ကိုနတေး မာတစ် ဂိုးမက်ဇ်နဲ့ နတ်ဖီးလစ်တို့နဲ့ ဆက်လက် ကစားသွားဖွယ် ရှိနေပြီး ကူမတ်တီယိုကိုလည်း အသင်းဆီ ပြန်လည် ခေါ်ဆောင်ဖွယ် ရှိနေပါတယ်။