လက်ရှိမှာ ရလဒ်ပိုင်းတွေ ကောင်းမွန်နေခြင်းမရှိတဲ့ ချယ်လ်ဆီးအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို ဆင်နွဲရခြင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက်တော့ အားသာချက် ဖြစ်နေစေနိုင်တယ်ဆိုပြီး သုံးသပ်ပြောဆိုနေခြင်းကို ပဲလေ့စ်နည်းပြ ပက်ထရစ်ဗီအဲရာက ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

Vieira insists it's 'NOT the best time' to play Chelsea despite poor Blues form | All Football

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းဟာ လတ်တလောမှာ ရလဒ်ပိုင်းတွေ ဆိုးရွားလျက် ရှိနေပြီး အက်အေဖလားကနေ တတိယအဆင့်နဲ့ ထွက်ခွာထားခဲ့ရသလို ပရီးမီးယားလိဂ်ဘက်မှာလည်း (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဒီလိုအချိန်မျိုးမှာ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရတာက ပြိုင်ဘက်အသင်းတွေအတွက် အကောင်းဆုံးအချိန် ဖြစ်နိုင်တယ်လို့ ယူဆနေတာနဲ့ ပတ်သတ်ပြီး ဒီကနေ့မှာ ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင်သွားရမဲ့ ပဲလေ့စ်အသင်းရဲ့ နည်းပြဖြစ်သူ ဗီအဲရာက ဒီလို ယူဆချက်တွေကို ပယ်ချလိုက်ပါတယ်။

Patrick Vieira insists it's 'NOT the best time' to play Chelsea despite poor Blues form | Daily Mail Online

Photo Credit : Daily Mail

ဗီအဲရာက “ချယ်လ်ဆီးအသင်းနဲ့ ကစားဖို့ အကောင်းဆုံးအချိန် မဟုတ်သလို လာမဲ့အပတ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားသွားဖို့ကလည်း အကောင်းဆုံးအချိန် မဟုတ်ပါဘူး။ အိမ်ကွင်းမှာ သူတို့အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တုန်းက နောက်ကျဂိုး ပေးလိုက်ရတာကလည်း ကျွန်တော်တို့ စိတ်ထဲမှာ ရှိနေတုန်းဆိုတာလည်း အသေအချာပါပဲ။ ဒါပေမဲ့ တစ်ပွဲလုံးကို ခြုံငုံကြည်လိုက်ရင်တော့ သူတို့အသင်းကို ဂိုးတွေသွင်းယူပြီး နာကျင်သွားရအောင် လုပ်ဖို့အတွက် လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်မိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာလည်း ဗီအဲရာရဲ့ ပဲလေ့စ်အသင်းက ပြိုင်ပွဲစုံ အိမ်ကွင်း (၃)ပွဲဆက်တိုက်အထိ ရှုံးနိမ့်ထားခဲ့ရပြီး ပရီးမီးယားလိဂ်မှာလည်း အိမ်ကွင်း(၂)ပွဲဆက်တိုက်လုံး သွင်းဂိုးတောင် မရှိခဲ့ပဲနဲ့ ရှုံးနိမ့်ထားခဲ့ရပါတယ်။ ဒါ့အပြင် ပဲလေ့စ်ဟာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရချိန်တိုင်းမှာ မြို့ခံအသင်းပီပီ အခက်တွေ့အောင် ကစားနိုင်ပေမဲ့လည်း ၂၀၁၇ခုနှစ်နောက်ပိုင်းကတည်းက ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင်တဲ့အခါတိုင်း အမြဲလိုလို ရှုံးနိမ့်ခဲ့ရပါတယ်။ ပိုဆိုးတာကတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ သွားရောက် ယှဉ်ပြိုင်ရတိုင်း ချယ်လ်ဆီးကို ၂၀၁၅ခုနှစ် တစ်ကြိမ်တည်းသာ အနိုင်ယူခဲ့တဲ့ ပဲလေ့စ်အတွက် အခုတစ်ကြိမ် ဆုံတွေ့မှုဟာလည်း ခက်ခဲနိုင်မှာ သေချာနေသလို ချယ်လ်ဆီးလည်း ရလဒ်ဆိုးတွေ ရုန်းထွက်ဖို့အတွက်က ခက်ခဲရဖွယ် ရှိနိုင်ပါတယ်။