မန်ယူနိုက်တက်အသင်းရဲ့ legend player ဟောင်း အသင်းခေါင်းဆောင်ဟောင်းကြီးဖြစ်သူ နီမန်ဂျာဗီဒစ်က သူ့အသင်းဖော်ဟောင်းတွေ ဖြစ်ကြတဲ့ ဝိန်းရွန်နီ နဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့ကြားက ကွာခြားချက် အကြောင်းတွေကို ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Daily Mail
ယခင်က မန်ယူနိုက်တက်အသင်းမှာ အတူ တွဲဖက်ကစားခဲ့ကြဖူးတဲ့ ရွန်နီ နဲ့ ရော်နယ်လ်ဒိုတို့ အသင်းဖော်(၂)ဦးဟာ လက်ရှိမှာဆိုရင်တော့ ရွန်နီက နည်းပြတစ်ဦးအဖြစ် ပြောင်းလဲ ကျင်လည်နေသလို ရော်နယ်လ်ဒိုကတော့ ကစားသမားဘဝကိုသာ ဆက်လက် ဖြတ်သန်းနေပါသေးတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဗီဒစ်က “ခရစ္စတီယာနို အသင်းကို စရောက်ချိန်ကို ကျွန်တော် မှတ်မိတယ်။ လူကောင် ခပ်သေးသေးလေးနဲ့။ tricks လေးတွေ လုပ်ပြဖို့ အမြဲ ကြိုးစားနေတတ်တယ်။ နှစ်တွေ ကြာလာတာနဲ့အမျှ လေ့ကျင့် သင်ကြားမှုတွေ တိုးတတ်လာခဲ့ပြီး သူ့အိမ်မက်တွေ ဖြစ်လာဖို့အတွက် အရာအားလုံးကို စတေးဖို့လည်း ဆန္ဒရှိလာခဲ့တယ်။”
Photo Credit : Daily Mail
“သူ့အသက် ငယ်ရွယ်စဉ်မှာ အလုပ်ကြိုးစားတယ်။ သူရဲ့အိမ်မက်အတွက် အကောင်းဆုံး တိုက်ပွဲဝင်တယ်။ သူ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတွေ ပြန်လည် ရရှိခဲ့တယ်။ ကျွန်တော့်အတွက်ဆိုရင်တော့ ဝိန်းက အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး မအောင်မြင်ခဲ့ဘူးလို့ ပြောရပါမယ်။ ဝိန်းက ခရစ္စတီယာနိုရဲ့ စိတ်ပိုင်းဆိုင်ရာလောက် နီးနီးသာ ရှိခဲ့မယ်ဆိုရင် သူ ပိုပြီးတော့ကို အောင်မြင်ခဲ့မှာ။ ရုပ်ပိုင်းဆိုင်ရာ နည်းစနစ်ပိုင်းဆိုင်ရာ အရမ်းကောင်းမွန်ခဲ့တယ်။ ကွင်းထဲမှာဆိုရင် သူနဲ့ တဲဗက်ဇ်တို့က အသင်းဖော်ကောင်းတွေ ဖြစ်ခဲ့ကြတယ်။ သူတို့က အသင်းအတွက်ဆိုရင် အရမ်း ကြိုးစားပေးတဲ့သူတွေ။”
Photo Credit : Daily Mail
“ခရစ္စတီယာနိုက သူရဲ့စိတ်ပိုင်းဆိုင်ရာကို အမြင့်မားဆုံး နေရာအထိ ရောက်အောင် ပြောင်းလဲနိုင်ခဲ့တယ်။ ပိုကြိုးစားဖို့ ပိုတိုးတတ်ဖို့ ပိုအောင်မြင်လာဖို့ လုပ်ဆောင်ခဲ့တယ်။ ဝိန်းဆီမှာလည်း ဒီလို စိတ်ပိုင်းဆိုင်ရာမျိုး မရှိဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက သူရဲ့ body ပိုင်းမှာ ရင်းနှီးမြှပ်နှံမှုတွေ အပိုထပ်စောင်း လေ့ကျင့်ခန်းတွေ ရုပ်ပိုင်းဆိုင်ရာ ပိုမို သန်စွမ်းလာအောင် မလုပ်ဆောင်ခဲ့ဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။