ဒီနေ့ မနက်အစောပိုင်း အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးလ်အသင်းနဲ့ အတ္တလန်တာအသင်းတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ လီဗာပူးလ်က ဘယ်လိုမှ မထင်မှတ်ထားတဲ့ အနေအထားနဲ့ပဲ (၃)ဂိုးပြတ်နဲ့ အရှုံးပေးသွားခဲ့ရပါတယ်။

ကွာတားဖိုင်နယ် ပွဲစဉ်တွေ မဲခွဲပြီးကတည်းက လီဗာပူးလ်အသင်းက ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားဆုံး အသင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး ယာဂန် ကလော့ပ်အနေနဲ့လည်း လီဗာပူးလ်နဲ့အတူ မရယူဖူးသေးတဲ့ ယူရိုပါလိဂ်ဖလားကို အရယူလိမ့်မယ်လို့ ထင်ကြေးပေးလာခဲ့ပါတယ်။

Photo Credit : The Athletic

ဒါပေမယ့်လည်း လီဗာပူးလ်အနေနဲ့ သူတို့ရဲ့ အိမ်ကွင်း အန်ဖီးလ်မှာပါ ဧည့်သည် အတ္တလန်တာကို တစ်ဂိုးမှတောင် ပြန်မသွင်းနိုင်ခဲ့ပေမယ့် အမှားပေါင်းများစွာ အခွင့်အရေးတွေ အသုံးမချနိုင်မှုပေါင်းများစွာနဲ့ ဂိုးပြတ်ပါ ရှုံးနိမ့်လိုက်ရပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး နောက်ခံလူ ဗန်ဒိုက်က “အလွန့်အလွန်ကို စိတ်ပျက်စရာကောင်းတဲ့ ပွဲပါ။ တစ်ဦးချင်း အမှားပေါင်း မြောက်များစွာတွေ ရှိခဲ့ပြီးတော့ အဲ့ဒါတွေကပဲ ကျွန်တော်တို့အသင်းကို ကောင်းကောင်း အပြစ်ပေးသွားခဲ့တာ။ ခံစားချက်တွေ အတော်လေး ဆိုးရွှားနေရပါတယ်။”

Photo Credit : This is Anfield

“သူတို့ရဲ့ လူကပ် ကစားပုံ နည်းဗျူဟာကလည်း အလုပ်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့လည်း အဲ့ဒီထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့ရမှာ။ နေရာလွတ်တွေကလည်း များပြားနေခဲ့တာကြောင့် အဲ့ဒီနေရာလွတ်တွေကနေပဲ သူတို့က ကျွန်တော်တို့ကို ချက်ချင်း ဒုက္ခပေးသွားခဲ့ပါတယ်။”

“ကျွန်တော်တို့က wide တွေကို ပိုဖွင့်ကစားခဲ့တယ်။ အဲ့ဒီလို များများကစားရာကနေ ဂိုးတွေကိုလည်း အများကြီး ခွင့်ပြုခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရမ်းခက်ခဲတဲ့ နေရာတွေ ရောက်သွားတိုင်းမှာ ကျွန်တော်တို့က ဘောလုံးတွေ ဆုံးရှုံးနေရလို့ပါ။” ဆိုပြီး ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။