လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုဖလားအတွက် ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံလည်းဖြစ် အမှတ်ပေးဇယားထိပ်ဆုံးက အသင်းလည်းဖြစ်တဲ့ မန်စီးတီးကို စိန်ခေါ်နိုင်တယ်လို့ လီဗာပူးလ် နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်က ကြုံးဝါး ပြောဆိုလိုက်ပါတယ်။
မန်စီးတီး နဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီနှစ်ဘောလုံးရာသ်ီအတွင်း ပရီးမီးယားလိဂ် (၁၂)ပွဲ ကစားပြီးချိန်မှာ မန်စီးတီးက (၂၈)မှတ်နဲ့ ပထမနေရာ လီဗာပူးလ်ကတော့ အာဆင်နယ်နဲ့အတူ (၂၇)မှတ်နဲ့ ဒုတိယနေရာမှာ ပူးတွဲ ရပ်တည်လျက် ရှိနေပါတယ်။
Photo Credit : This is Anfield
နိုင်ငံတကာရက်သတ္တပတ်အပြီး ကလပ်အသင်း ပွဲစဉ်တွေ ပြန်လည် စတင်ချိန်မှာတော့ မန်စီးတီးရဲ့ အီတီဟတ်ကွင်းမှာ မန်စီးတီး နဲ့ လီဗာပူးလ်တို့ ထိပ်တိုက် တွေ့ဆုံနေကြမှာဖြစ်ပြီး ဒီပွဲဟာလည်း နှစ်သင်းလုံးအတွက် အတော်လေးကို အရေးပါနေပါတယ်။
သူတို့ လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗန်ဒိုက်က “ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စီးတီးကို စိန်ခေါ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အဝတ်လဲခန်းကို ကြည့်မိပြီး ကျွန်တော်တို့က ယူ-၂၃အသင်းလို့တောင် ခံစားမိသွားသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အရည်အသွေးတွေ ရှိနေပါတယ်။”
Photo Credit : The Independent
“ဒါပေမယ့် ကျွန်တော်တို့မှာ ကံတရားရဲ့ ဖေးမမှုလည်း နည်းနည်းလောက် လိုနေပါတယ်။ ဒဏ်ရာတွေ မရရှိဖို့ ခြေစွမ်း တသမတ်တည်း ဖြစ်နေဖို့တွေကလည်း လိုအပ်ပါသေးတယ်။ အားလုံး ခြုံပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီရာသီထဲမှာ အကောင်းဆုံးတွေ လုပ်ဆောင်နေပါတယ်။”
“ဒါပေမယ့် ဘောလုံးရာသီတစ်ခုကို နိုဝင်ဘာလလောက်နဲ့ ဆုံးဖြတ်လို့က မရသေးပါဘူး။ အလှည့်အပြောင်းတွေ အချိုးအကွေ့တွေကလည်း ရှိလာနိုင်သေးတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ တစ်ပွဲချင်းစီကိုပဲ အာရုံစိုက်သွားပါမယ်။” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။