မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အီတလီ စီးရီးအေပြိုင်ပွဲက ဂိုးသမားတွေကသာ မျက်စိကျလျက် ရှိလို့နေပြီး အခုလည်း စီးရီးအေ နာမည်ကြီးကလပ် လာဇီယိုအသင်းရဲ့ ဂိုးသမားဖြစ်သူ အီဗန် ပရိုဗီဒယ်လ်ကိုပါ ထပ်မံ စိတ်ဝင်စားလာခဲ့ပြန်ပါတယ်။

ယူနိုက်တက်က ဒီရာသီမှာ အင်တာမီလန်အသင်းရဲ့ ကင်မရွန်း ဂိုးသမားဖြစ်သူ အန်ဒရေ အိုနာနာကို ခေါ်ယူထားခဲ့ပေမယ့်လည်း အိုနာနာ လက်စွမ်းတွေက တည်ငြိမ်မှု အားနည်းနေပြီး စိတ်ချ ယုံကြည်ရတဲ့ အနေအထားမှာ ရှိမနေတာကြောင့် နောက်ထပ် ဂိုးသမားတစ်ဦးကို ထပ်မံ ခေါ်ယူချင်လာတာပဲ ဖြစ်ပါတယ်။

Photo Credit : The Laziali

တကယ်တော့ ယူနိုက်တက်က နွေမှာ အိုနာနာအပြင် ဖီနာဘာချီက တူရကီ ဂိုးသမား ဘာယင်ဒါကိုပါ ခေါ်ယူထားခဲ့ပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ်က ဘာယင်ဒါကို အသင်းမှာ နေရာမပေးသေးပဲ သူ့တပည့်ကျော် အိုနာနာကိုသာ အသင်းဂိုးပေါက်အတွက် ဆက်တိုက် နေရာပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း အိုနာနာရဲ့ လက်စွမ်းတွေက တကယ့်ကို တည်ငြိမ်မှု အားနည်းနေသေးတာကြောင့် အိုနာနာနဲ့ ပွဲထွက်ခွင့် အပြိုင်အဆိုင် ဖြစ်နေမယ့် ဂိုးသမားတစ်ဦးကို ထပ်မံ ဖြည့်တင်းသွားဖို့ စီစဉ်လာခဲ့ပြီး လာဇီယို ဂိုးသမား ပရိုဗီဒယ်လ်ကို ခေါ်ယူချင်လာခဲ့ပါတယ်။

Photo Credit : Sky Sports

ပရိုဗီဒယ်လ်ဟာ အသက် (၂၉)နှစ်အရွယ် အီတလီ ဂိုးသမားတစ်ဦးဖြစ်ပြီး အီတလီဆိုတာကလည်း ဂိုးသမားကောင်းတွေ ထွက်ပေါ်တက်တယ် ဆိုပေမယ့်လည်း ပရိုဗီဒယ်လ်က လက်ရှိအချိန်ထိတော့ အီတလီအသင်းအတွက် လုံးဝ ရွေးချယ်ခံထားရခြင်းတော့ မရှိသေးပါဘူး။

ပရိုဗီဒယ်လ်က ပြီးခဲ့တဲ့ရာသီကမှ လာဇီယိုအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆို လာဇီယိုအသင်းရဲ့ အဓိက ဂိုးသမားတစ်ဦးပါ ဖြစ်နေတဲ့အပြင် အသက်လက်တီကို (၁)ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း လာဇီယိုအတွက် ချေပဂိုးကို နာကျင်အချိန်ပိုမှာ ခေါင်းတိုက် သွင်းယူခဲ့ရင်း လူသိများ ကျော်ကြားခဲ့ပါသေးတယ်။