မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဒီနွေမှာပဲ အတ္တလန်တာက ဒိန်းမတ် တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းကို ခေါ်ယူခဲ့ပြီးနောက် လာမယ့်နွေမှာလည်း နောက်ထပ် အတ္တလန်တာ ကစားသမားတစ်ဦးကိုပါ ထပ်မံ ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အတ္တလန်တာက အာမတ် ဒီယဲလ်လို ၊ ရက်မတ်စ် ဟွိုင်လန်းတို့ကို ခေါ်ယူထားဖူးတဲ့ ယူနိုက်တက်ဟာ အခုလည်း အတ္တလန်တာရဲ့ ကွင်းလယ်ကစားသမား အက်ဒါဆင်ကိုပါ ခေါ်ယူဖို့အတွက် အသင်းက ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်လျက် ရှိနေကြောင်း သိရှိရပါတယ်။

Photo Credit : TEAMtalk

ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေမှာ အသင်းက ကစားသမား အများအပြားကို ရှင်းထုတ်သွားဖို့ ရှိနေပြီး အဲ့ဒီထဲမှာ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူတွေဖြစ်သော ကက်စီမဲရိုးနဲ့ အဲရစ်ဆင်တို့လည်း ပါဝင်လျက် ရှိနေပါတယ်။

ဒီကစားသမားတွေကို ရှင်းထုတ်ပြီးခဲ့ရင် သူတို့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ဂျာအို နေးဗက်စ်ကို ပစ်မှတ်ထားနေသလို အတ္တလန်တာက ဘရာဇီးလ် ကွင်းလယ်လူ အက်ဒါဆင်ကိုပါ စောင့်ကြည့်လို့နေပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက် အလိုရှိဆုံး ကွင်းလယ်ကစားသမား အင်နီယေစတာ လက်သစ်လို့ တင်စားခေါ်ဆိုခံထားရတဲ့ ဂျာအို နေးဗက်စ် ဖြစ်ပေမယ်လည်း ဒီကစားသမားလေးရဲ့ ပြောင်းရွှေ့ကြေးက အလွန်မြင့်မားနေတာက ယူနိုက်တက်အတွက် အတော်လေး ခက်ခဲရနိုင်ဖွယ် ရှိနိုင်ပါတယ်။

ဒါကြောင့်ပဲ ယူနိုက်တက်က အတ္တလန်တာ ကွင်းလယ်လူ အက်ဒါဆင်ကိုသာ ပိုမို အာရုံစိုက်လာကြပြီး တနင်္ဂနွေနေ့တုန်းက ဂျုဗင်တပ်စ်နဲ့ အတ္တလန်တာတို့ရဲ့ အီတလီ စီးရီးအေပွဲစဉ်မှာပါ ကင်းထောက်တွေ စေလွှတ်ကာ အက်ဒါဆင်ရဲ့ ခြေစွမ်းပိုင်းတွေကို အနီးကပ် လေ့လာမှုတွေ လုပ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။