မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမား ဘယ်နောက်ခံလူ လုခ်ရှောက ဒဏ်ရာပြဿနာကြောင့် ကာလအတန်ကြာ အနားယူဖို့ ရှိနေတဲ့အတွက် ယူနိုက်တက်အနေနဲ့ free agent player ရိုင်ယန် ဘာထရန်နဲ့ အစားထိုး ခေါ်ယူဖို့ စဥ်းစားနေတယ်လို့ သိရပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းရဲ့ ဘယ်ခြမ်းခံစစ် နေရာမှာ လုခ်ရှောအပြင် မာလာစီယာလည်း ဒဏ်ရာ ရရှိနေပြီး ဘယ်လောက်အထိ အနားယူရဦးမလဲဆိုတာ မသိရသေးသလို fit ဖြစ်နေတဲ့ တစ်ဦးတည်းသော ဘယ်နောက်ခံလူ အဲဗာရို ဖာနန်ဒက်ဇ်ဟာလည်း ဂရန်နာဒါအသင်းဆီ ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေပါတယ်။

Photo Credit : The Mirror

ဒါကြောင့် ယူနိုက်တက်က ဘယ်ခြမ်း ခံစစ် နေရာအတွက် ကစားသမားသစ်တစ်ဦးကို ရှာဖွေလာခဲ့ပြီး ချယ်လ်ဆီး ကစားသမားဟောင်းလည်းဖြစ် လက်ရှိမှာ အသင်းလက်မဲ့လည်း ဖြစ်နေတဲ့ ဘာထရန်ကို ကာလတို စာချုပ်တစ်ရပ်နဲ့ ခေါ်ယူသွားဖို့ စီစဥ်လာခဲပါတယ်။

အသက် (၃၄)နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင်ဟောင်း ဘာထရန်ဟာ ချယ်လ်ဆီး အပါအဝင် အင်္ဂလန် ကလပ်အသင်းများစွာမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး သူရဲ့ပထမဆုံး စီနီယာအသင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ဖလားရော ယူရိုပါလိဂ်ဖလားပါ ရရှိခဲ့ဖူးတဲ့ ကစားသမား​တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : Sky Sports

ကစားသမားဘဝအတွင်း ပွဲပေါင်း (၅၀၀)နီးပါးလောက်အထိ ပါဝင် ကစားခဲ့ဖူးတဲ့ ဘာထရန်ကို ယူနိုက်တက်အသင်းက လုခ်ရှော မာလာစီယာတို့ရဲ့ နေရာအတွက် ကာလတို စာချုပ်နဲ့ ခေါ်ယူဖို့ စဥ်းစားနေပြီး လက်ရှိမှာတော့ ဖာနန်ဒက်ဇ်ကို ဆက်ထိန်းထားဖို့ ရှိနေသလို ဒါလော့ကိုလည်း ဘယ်ခြမ်းပို့နိုင်ပါတယ်။

ယူနိုက်တက်က လက်ရှိမှာ ဂိုးသမားတစ်ဦးနဲ့ ကွင်းလယ်လူတစ်ဦး ခေါ်ယူဖို့ လုပ်ဆောင်နေပြီး ဂိုးသမားနေရာအတွက် တူရကီ ဘယင်ဒါက အသင်းဆီ ရောက်လုနီးပါးတောင် ဖြစ်နေသလို ကွင်းလယ်အတွက်ကိုတော့ အမ်မရာဘတ် ၊ ဂရာဗင်ဘာ့ချ်တို့အပြင် ကစားသမားဟောင်း ဂျိမ်းစ် ဂါနာကိုပါ buy back စာချုပ်နဲ့ ပြန်ခေါ်ဖို့လည်း စီစဥ်လို့နေပါတယ်။