မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းရဲ့ အင်္ဂလန် ခံစစ်ကစားသမားလေး ဂျာရတ် ဘရန့်ဝိတ်ကို အသင်းဆီ ခေါ်ဆောင်ဖို့အတွက် ကစားသမားဖြစ်သူနဲ့ သဘောတူညီမှု ရရှိထားခဲ့ပေမယ့်လည်း အဲဗာတန်နဲ့ပါ ဆက်လက် သဘောတူညီမှု ရရှိဖို့တော့ ခက်ခဲနိုင်တယ်လို့ သိရပါတယ်။
ဒီနွေမှာ ခံစစ်ပိုင်းအတွက် ကစားသမား အများအပြားကို ပစ်မှတ်ထားလျက် ရှိနေတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်က ခံစစ်မှူးလေး ဘရန့်ဝိတ်ကိုလည်း အသင်းဆီ ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားလို့နေပြီး အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖစ်တို့ကပါ ဒီအင်္ဂလန် နောက်ခံကစားသမားကို သဘောကျလျက် ရှိနေပါတယ်။
Photo Credit : Clutch Points
အသက် (၂၁)နှစ်သာ ရှိသေးတဲ့ ခံစစ်ကစားသမားလေး ဘရန့်ဝိတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အဲဗာတန်အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုတွေကို သိမ်းကျုံးပိုင်ဆိုင်နိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင် အသင်းကြီးမှာပါ ပါဝင်ကစားခွင့် ရရှိခဲ့တဲ့အထိ တောက်ပနိုင်ခဲ့လို့ သူ့ကို ယူနိုက်တက် အရမ်း သဘောကျလာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ယူနိုက်တက်က ဘရန့်ဝိတ် အပါအဝင် ခံစစ်ကစားသမား (၃)ဦးခန့်ကို ပစ်မှတ်ထားရင်း ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ရာ ဘရန့်ဝိတ်နဲ့တော့ personal agreed စတင် ရရှိသွားခဲ့ပါတယ်။ ဘရန့်ဝိတ်ကို ယူနိုက်တက်ဘက်က တစ်ပတ်လုပ်ခ ပေါင် (၁၅၀၀၀၀)ထိ ပေးချေသွားမှာဖြစ်ပြီး ကစားသမားဖြစ်သူနဲ့ အေးဂျင့်တို့ကလည်း ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ကြပါတယ်။
Photo Credit : Goodison News
ဒါပေမယ့် အဲဗာတန်အသင်းဘက်ကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၆၅)သန်းအောက်နဲ့ လက်ခံသွားမှာ မဟုတ်သလို ပေါင် သန်း(၈၀)လောက်အထိပါ အလိုရှိနေတာက ယူနိုက်တက်အတွက် အတော်လေး အကျပ်ရိုက်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကာရင်တန် ေ့လ့ကျင့်ရေးကွင်း ပြန်လည် ပြင်ဆင် မွမ်းမံသွားဖို့အတွက် ပေါင် သန်း(၅၀)အထိ သုံးစွဲဖို့ ရှိနေတဲ့အတွက် ဒါဟာ ကစားသမားသစ် ခေါ်ယူဖို့ အသုံးစရိတ်မှာပါ အနည်းငယ် သက်ရောက်မှုတွေ ရှိလာနိုင်သလို ယူနိုက်တက်အနေနဲ့ ကစားသမားတချို့ကို အရင် ရောင်းချပြီးမှ ကစားသမားသစ်တွေ ခေါ်ယူမှုကို လုပ်ဆောင်ရဖွယ်လည်း ရှိနိုင်ပါတယ်။