မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အား ဖြည့်တင်းသွားဖို့အတွက် နိုက်စ် နောက်ခံလူ တိုဒီဘိုအပြင် ဘင်ဖီကာအသင်းရဲ့ ဆယ်ကျော်သက် ခံစစ်မှူးလေး အန်တီုနီယို ဆေးလ်ဗားကိုပါ စိတ်ဝင်စားလျက် ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ခံစစ်ပိုင်း ဒဏ်ရာ ပြသာနာတွေကြောင့် ဆောင်းဈေးကွက်အတွင်း ခံစစ် ကစားသမားသစ် တစ်ဦးခန့်လောက် ထပ်မံ ခေါ်ယူ ဖြည့်တင်းသွားရဖို့ ရှိနေပြီး အခုဆိုရင် တိုဒီဘိုအပြင် အသက် (၁၉)နှစ်အရွယ် ခံစစ် ကစားသမားလေး ဆေးလ်ဗားကိုလည်း ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit :

ယူနိုက်တက်အသင်းက ရာသီအစကတည်းက အသင်းအတွင်း ဒဏ်ရာ ပြသာနာတွေရဲ့ နှိပ်စက်မှုနဲ့ ရင်ဆိုင် ကြုံတွေ့နေရပြီး အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေထဲကမှ အမ်မရာဘတ် နဲ့ ဟွိုင်လန်းတို့ဆိုရင်လည်း အသင်းကို ရောက်လာချိန်ကတည်းက ဒဏ်ရာတွေကြောင့် အသင်းနဲ့ ချက်ချင်း မပူးပေါင်းနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

အခုလက်ရှိ အသင်းရဲ့ ကွင်းလယ် နဲ့ တိုက်စစ်ပိုင်းက ဒဏ်ရာရ ကစားသမားတွေ နည်းပါးသွားချိန်မှာလည်း ဘယ်ခြမ်းခံစစ် ကစားသမားတွေဖြစ်တဲ့ လုခ်ရှော မာလာစီယာ နဲ့ ရယ်ဂီလွန် အားလုံး ဒဏ်ရာတွေ အသီးသီး ရရှိနေတဲ့အပြင် လီဆန်ဒရို မာတီနက်ဇ်ပါ ဒဏ်ရာကြောင့် (၃)လလောက်အထိပါ အနားယူရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Twitter

ဒီလို အခြေအနေတွေကြောင့် ယူနိုက်တက်က လာမယ့် ဆောင်းဈေးကွက်ထဲမှာ ခံစစ် ကစားသမားသစ်တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ရာ ဘင်ဖီကာအသင်းက ပေါ်တူဂီ ဆယ်ကျော်သက် ခံစစ် ကစားသမားလေး အန်တိုနီယို ဆေးလ်ဗားလည်း ယူနိုက်တက်ရဲ့ list ထဲမှာ ပါဝင်လာခဲ့ပါတယ်။

အရပ်အမောင်း မြင့်မားပြီး ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက်ပါ (၅)ပွဲခန့်အထိ ကစားပေးခွင့် ရရှိထားတဲ့ ဆေးလ်ဗားဟာ ပေါ်တူဂီ ဘောလုံးသမားကောင်းတွေကို မွေးထုတ်ပေးနေကြဖြစ်တဲ့ ဘင်ဖီကာ လူငယ် အကယ်ဒမီထွက် ကစားသမားလေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ယူနိုက်တက်ရဲ့ ကင်းထောက်တွေက ဒီကစားသမားလေးရဲ့ ခြေစွမ်းခြေစတွေကို ကြိမ်ဖန်များစွာ အကဲခတ်လျက်လည်း ရှိနေတယ်လို့ သိရှိရပါတယ်။