ဒီနှစ် ဘောလုံးရာသီမှာ ဆောက်သမ်တန်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲကနေသာ တန်းဆင်းသွားခဲ့ရမယ်ဆိုရင် သူတို့အသင်းရဲ့ ကွင်းလယ်ကစားသမားလေး ရိုမယ်ယိုလာဗီယာကို မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Romeo Lavia joins Southampton

Photo Credit : Manchester City FC

အသက်(၁၉)နှစ်အရွယ်သာ ရှိသေးတဲ့ ဆယ်ကျော်သက်အရွယ် လူငယ် ကွင်းလယ်ကစားသမားလေး လာဗီယာဟာ ဘယ်လ်ဂျီယံ ထိပ်သီးကလပ် အန်ဒါလက်ချ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၂၀ခုနှစ်မှာ မန်စီးတီး အကယ်ဒမီဆီ ရောက်ရှိခဲ့သလို ဒီနှစ်နွေမှာပဲ ဆောက်သမ်တန်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ကွင်းလယ်ခံစစ်ပိုင်းမှာ ပါဝင်ကစားတတ်သူ လာဗီယာက ပြီးခဲ့တဲ့ရာသီက မန်စီးတီးအတွက် စုစုပေါင်း (၂)ပွဲသာ ကစားထားခဲ့ရပြီး အခု ဆောက်သမ်တန်အသင်းဆီ ပြောင်းရွှေ့လိုက်ချိန်မှာ ပရီးမီးယားလိဂ်ပွဲပေါင်း (၁၉)ပွဲအထိ ကစားထားခဲ့ရသလို ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းကပါ သူ့ကို စတင် ရွေးချယ်လာခဲ့ပါတယ်။

Chelsea in mix for Romeo Lavia transfer

Photo Credit : Caught Offside

ဖာနန်ဒင်ဟို ဘူးစကတ်စ်တို့လို ကစားသမားတွေကို inspired ယူထားတဲ့ လာဗီယာဟာ ဦးနှောက်သုံးပြီး ကစားတတ်တဲ့ DM ကစားသမားကောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း ဆောက်သမ်တန်အသင်းရဲ့ အဓိက ကစားသမားပါ ဖြစ်နေရပါတယ်။ လာဗီယာက ဆောက်သမ်တန်အသင်းနဲ့ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့ပေမယ့်လည်း လက်ရှိမှာ ဆောက်သမ်တန်က အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရှိနေရပြီး ဒီအခြေအနေအရ တန်းဆင်းရဖို့ ရှိနေတဲ့အတွက် တကယ်လို့သာ အဲ့ဒီလို တန်းဆင်းသွားမယ်ဆိုရင် လာဗီလာကို မန်ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေက အပြိုင် ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

Photo Credit : Football Today

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ခံစစ် ကစားသမားကြီး ကက်စီမဲရိုးကို ခေါ်ယူခဲ့ပြီး အသင်းအတွက် အတော်လေး အကျိုးပြုစေတဲ့ ခေါ်ယူမှု ဖြစ်စေခဲ့ပေမယ့် ကက်စီမဲရိုး မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ ယူနိုက်တက် ကွင်းလယ်ပိုင်းက အားနည်းသွားခဲ့ရတာကြောင့် လာဗီယာလို လူငယ် DM ကစားသမားလေးတစ်ဦးကို ထပ်မံ ဖြည့်တင်းသွားဖို့ ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။