မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့ ဘယ်ခြမ်း ခံစစ်နေရာအတွက် ချယ်လ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူ ကူကူရယ်လာကို အငှားနဲ့ ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်လာခဲ့တယ်လို့ ရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။

လက်ရှိ ယူနိုက်တက်ရဲ့ ဘယ်ခြမ်း ခံစစ်မှာ လုခ်ရှောရော မာလာစီယာပါ ဒဏ်ရာ ပြသာနာတွေနဲ့ ရင်ဆိုင်နေရပြီး အဲဗာရို ဖာနန်ဒက်ဇ် တစ်ဦးတည်းသာ ကြံခိုင်မှု ပြည့်ဝတဲ့ natural left-back player အဖြစ် ရှိနေသလို ညာနောက်ခံလူ ဒါလော့ကိုလည်း ဘယ်ခြမ်း ပို့ကစားခိုင်းနေရပါတယ်။

Photo Credit : Twitter

ဒီလို အခြေအနေမှာ ယူနိုက်တက်အနေနဲ့ ဘယ်နောက်ခံလူ တစ်ဦးခန့်ကို ခေါ်ယူဖြည့်တင်းဖို့ လိုအပ်လာခဲ့ပြီး ချယ်လ်ဆီး ကစားသမားဟောင်း ရိုင်ယန် ဘာထရန်ကိုလည်း ကာလတို စာချုပ် ၊ အလွတ် ပြောင်းရွှေ့ကြေးတို့နဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်မှာတော့ ယူနိုက်တက်က ချယ်လ်ဆီးရဲ့ စပိန် ဘယ်နောက်ခံ ကစားသမား ကူကူရယ်လာကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့အတွက် ချယ်လ်ဆီး မေးမြန်း စုံစမ်းထားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : SPORT

ယူနိုက်တက်အနေနဲ့ လက်ရှိမှာ ကူကူရယ်လာကို အငှား ခေါ်ယူလို့ ရမရဆိုတာကိုသာ ဆက်သွယ် မေးမြန်းထားတာဖြစ်ပြီး ဆွေးနွေးမှုတွေ ကမ်းလှမ်းမှုတွေတော့ ပြုလုပ်ထားခြင်း မရှိသေးဘူးလို့ ရိုမာနိုက ဖော်ပြထားပါတယ်။

ဒါ့အပြင် ယူနိုက်တက်အနေနဲ့ ဘယ်ခြမ်း ခံစစ် နေရာအတွက်ကိုလည်း ကစားသမား (၃)ဦးခန့် စောင့်ကြည့်လျက် ရှိနေပြီး သူတို့ ခေါ်ယူမယ့် ကစားသမားက ဈေးအရမ်းမကြီးလွန်းတဲ့ ကစားသမား ဖြစ်နေဖို့ လိုအပ်သလို အခုထိလည်း ဘယ်ကစားသမားကို ခေါ်ယူသွားမလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။