ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူဟယ်လ်ဟာ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဆီ ပြန်လာပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်သွားဖို့အတွက် အတော်လေး ဆန္ဒရှိနေတယ်လို့ နာမည်ကျော် ဗြိတိန် ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြလာခဲ့ပါတယ်။

ဒီရာသီအကုန်မှာ ဘိုင်ယန်နဲ့ တရားဝင် လက်တွဲဖြုတ်တော့မယ့် နည်းပြ တူဟယ်လ်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ချယ်လ်ဆီးကိုလည်း ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့သလို အခု ဘိုင်ယန်ကိုလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ထားပါတယ်။

Thomas Tuchel 'Wants' to Replace Ten Hag at Man Utd

Photo Credit : GiveMeSport

တူဟယ်လ်ဟာ ဘိုင်ယန်မှာ အောင်မြင်မှုတွေ ရရှိဖို့ ရုန်းကန်နေရပြီး ဒီရာသီမှာလည်း ချန်ပီယံလိဂ်ဖလားသာ မျှော်လင့်ခွင့် ရှိတော့သလို ဆယ်စုနှစ် တစ်ခုကြာ လွှမ်းမိုးခဲ့တဲ့ ဘွန်ဒက်စ်လီဂါဖလားကိုတော့ လေဗာကူဆင်အသင်းထံ လွှဲပြောင်းထားခဲ့ရပါတယ်။

တစ်ဖက်က မန်ယူနိုက်တက်ဟာလည်း နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ ဒုတိယမြောက်ရာသီမှာ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းတွေပါ ဆိုးရွှားလျက် ရှိနေတာကြောင့် နည်းပြတန်ဟက်ဂ် အနာဂတ်က အတော်လေး မရေမရာ ဖြစ်လာခဲ့ရပြီး ရာသီအကုန်မှာပဲ အသင်းတာဝန်ရှိသူတွေဘက်က နည်းပြအပြောင်းအလဲပါ လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။

Photo Credit : Goal

လတ်တလောမှာတော့ ယူန်ိုက်တက် နည်းပြရာထူးအတွက် အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်နဲ့ ဘိုင်ယန်နည်းပြ တူဟယ်လ်တို့က သတင်းအထွက်ဆုံး ဖြစ်နေရပြီး ဒေးဗစ် အွန်စတိန်းရဲ့ အဆိုအရတော့ တူဟယ်လ်ကသာ ယူနိုက်တက်ကို ကိုင်တွယ်မယ့် နည်းပြသစ် ဖြစ်လာနိုင်ခြေ အရှိဆုံးလို့ သိရပါတယ်။

ယူနိုက်တက်အနေနဲ့ကလည်း အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်အပြီးမှာပဲ နည်းပြတန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်သွားဖို့ ပြင်ဆင်ထားခဲ့ရာ ယူနိုက်တက်မှာ နည်းပြလစ်လပ်သွားမယ်ဆိုရင် တူဟယ်လ်အနေနဲ့ အသင်းထံ ချိတ်ဆက်လာမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။