အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို အသင်းရဲ့ အဓိက ကစားသမား (၅)ဦးခန့်အထိ လွဲချော်သွားရနိုင်ကြောင်း ဘိုင်ယန်မြူးနစ် နည်းပြ သောမတ်စ် တူဟယ်လ်က အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

တူဟယ်လ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ဆုဖလားတစ်ခုတည်းကိုသာ မျှော်လင့်လို့ ရနိုင်တော့မယ့် အခြေအနေမျိုး ဖြစ်နေပေမယ့်လည်း ချန်ပီယံလိဂ်မှာက အာဆင်နယ်လို ပုံစံကောင်း ပြသနေတဲ့ အသင်းမျိုးနဲ့ ကွာတားမှာ တွေ့ဆုံနေရတာက ဘိုင်ယန်အတွက် ခက်ခဲနိုင်ပါတယ်။

Photo Credit : Clutch Points

ဒီလို အခြေအနေမျိုးမှာတောင် ဘိုင်ယန်ဘက်က အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးသမား နူအာ တောင်ပံကစားသမားတွေဖြစ်သော ဆာနေး ကိုးမန်းနဲ့ လူငယ် ကွင်းလယ်ကစားသမားလေး ပါဘလိုဗစ်တို့ကပါ အာဆင်နယ်နဲ့ပွဲကို လွဲချော်ရဖွယ် ရှိနေတာက ဘိုင်ယန်အတွက် ပိုပြီး ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။

“မာနူအယ်လ် နူအာ ၊ ကင်စလေ ကိုးမန်း ၊ လီရွိုင်း ဆာနေး ၊ အလက်ခ်စ် ပါဘလိုဗစ်နဲ့ မာဇာယာအူယီတို့က မနက်ဖြန်ပွဲရဲ့ ကစားသမားစာရင်းမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဂွာဟေရိုကတော့ လူစာရင်းမှာ ပြန်လည် ပါဝင်လာဖို့တော့ ရှိပါတယ်။”

Photo Credit : SportMax

“ပြသာနာက ဒီကစားသမား (၅)ယောက်လုံးက မကစားနိုင်တာ မဟုတ်ပဲ အနားပေးဖို့ လိုနေသလို သူတို့ဆီမှာလည်း ပြသာနာ အနည်းငယ်လေးတွေပါ ရှိနေကြတာ။ ဒါကြောင့် သူတို့က အာဆင်နယ်နဲ့ပွဲအတွက်ကိုပါ ပါဝင်ကစားဖို့ မလွယ်နိုင်ပါဘူး။”

“အဓိက ပြသာနာ ဖြစ်နေတာကတော့ ဆာနေးရဲ့ ဆီးခုံရိုးဒဏ်ရာပါ။ ကိုးမန်းကလည်း ကြွက်သားပြသာနာ ဖြစ်နေတယ်။ ဒေါ့မွန်နဲ့ပွဲအပြီးမှာပဲ ဒီပြသာနာကို ခံစားနေရတာပါ။ အရမ်းဆိုးဆိုးရွှားရွှား မဟုတ်နေတာပဲ ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့်လည်း သူက အခုတော့ အသင်းအတွက် မကစားနိုင်ပါဘူး။” တူဟယ်လ်က အတည်ပြု ပြောဆိုလာခဲ့ပါတယ်။