တော့တင်ဟမ်ဟော့စပါးအသင်း ဆုဖလားတွေနဲ့ အလှမ်းဝေးနေရတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ စပါးအသင်းရဲ့ နောက်ဆုံး ကစားသွားခဲ့တဲ့ (၃)ပွဲဆက်တိုက် ရလဒ်တွေကြောင့်လည်း အခု ဒီရာသီကိုလည်း ဖလားလက်မဲ့ ဘောလုံးရာသီအဖြစ် သတ်မှတ်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Athletic

စပါးက ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ အက်အေဖလားပြိုင်ပွဲရဲ့ fifth round မှာ ဆုံတွေ့ခဲ့ရင်း ရှက်ဖီးကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို အဲ့ဒီပွဲအပြီး ဝုလ်ဗ်အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာပါ ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် ဆက်တိုက် ရလဒ်ကောင်းနေတဲ့ လီဗာပူးလ်နဲ့ အမှတ်ကပ်သွားခဲ့ရကာ top-four နေရာအတွက် အနီးကပ် ဖိအားပေးခြင်း ခံလာရပါတော့တယ်။

Photo Credit : ESPN

ချန်ပီယံလိဂ်ဘက်မှာလည်း အေစီမီလန်အသင်းကို အိမ်ကွင်းမှာ အနိုင်မယူနိုင်ခဲ့ပဲ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် (0-1)နဲ့ (၁၆)သင်းအဆင့်ကနေသာ လှည့်ပြန်သွားခဲ့ရပါတယ်။ ဒီ(၃)ပွဲအတွင်းမှာ ဆုဖလားလမ်းကြောင်း (၂)ခုကနေ သွေဖယ်သွားခဲ့ရသလို နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကိုပါ စိုးရိမ်စရာ အခြေအနေပါ ရောက်သွားခဲ့ရတဲ့အထိ စပါးအသင်း အတော်လေး အထိနာစေခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့်လည်း စပါးနည်းပြ ကွန်တီရဲ့ အနာဂတ်က ဝေဝါးလာခဲ့သလို နည်းပြဟောင်း ပိုချက်တီနိုကလည်း အသင်းဟောင်းဆီ ပြန်လာဖို့ ဆန္ဒရှိနေတာမို့ လတ်တလောအတွင်းမှာပဲ နည်းပြ အပြောင်းအလဲတွေပါ တွေ့မြင်လာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Reuters

၂၀၀၇-၂၀၀၈ ဘောလုံးရာသီတုန်းက လန်ဒန်မြို့ခံအသင်း ချဲလ်ဆီးကို အနိုင်ယူပြီး လိဂ်ဖလား ချန်ပီယံ ဖြစ်ခဲ့ချိန်နောက်ပိုင်းကတည်းက (၁၅)နှစ်ခန့်လောက်အထိ ဆုဖလားလက်မဲ့ ဖြစ်နေရတဲ့ စပါးအသင်းဟာ နည်းပြဟောင်း ပိုချက်တီနို လက်ထက်မှသာ ချန်ပီယံလိဂ် ဖိုင်နယ် လိဂ်ဖလား ဖိုင်နယ်အထိ တတ်လှမ်းနိုင်ခဲ့သလို ချန်ပီယံလိဂ်ကိုလည်း နှစ်တိုင်း ဝင်ရောက်ဆင်နွဲခဲ့ရတာကြောင့် ကွန်တီနဲ့သာ လမ်းခွဲဖြစ်မယ်ဆိုရင် ပိုချက်တီနိုကိုပဲ အသင်းနည်းပြအဖြစ် ပြန်ခန့်သွားမလားဆိုတာ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အသင်းက နည်းပြ အပြောင်းအလဲ ထပ်လုပ်ခဲ့မယ်ဆိုရင်တောင် စပါးအသင်းရဲ့ ဆုဖလားလက်မဲ့ ဖြစ်နေရမှုကို အဆုံးသတ်နိုင်ပါ့မလားဆိုတာကတော့…