ဘိုင်ယန်မြူးနစ်အသင်းက အသင်းကနေ အိုလီဗာခန်း ၊ ဆာလီဟာမစ်ဇစ်တို့ကို ဖယ်ရှားခံရလိုက်ပြီးနောက်ပိုင်း အသင်းနည်းပြ သောမတ်စ်တူဟယ်လ် ကိုယ်တိုင်ကပါ ​ဘိုင်ယန်ကနေ ထွက်ခွာသွားနိုင်တယ်လို့ လီဗာပူးလ် နဲ့ ဂျာမနီအသင်း ကစားသမားဟောင်းကြီး ဟားမန်းက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဘိုင်ယန်အသင်းဟာ ဒီရက်ပိုင်းအတွင်းမှာပဲ (၁၁)ကြိမ်ဆက် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ရပြီးနောက် အသင်းရဲ့ အမှုဆောင်ချုပ် အိုလီဗာခန်း နဲ့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်တို့ကို ရာထူးကနေ အံ့အားသင့်စဖွယ် ထုတ်ပယ်သွားခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းကမှ ဘိုင်ယန်နဲ့ လက်တဲဲဖြစ်ခဲ့တဲ့ နည်းပြ တူဟယ်လ်ဟာလည်း သူ့အနာဂတ်ကို စဥ်းစားလာနိိုင်ပြီး မကြာခင် အချိန်အတွင်းမှာပဲ ဘိုင်ယန်ကနေပါ ပြန်လည် ထွက်ခွာသွားနိုင်တယ်လို့ ဟားမန်းက သုံးသပ်လိုက်ပါတယ်။

Photo Credit : Goal

တူဟယ်လ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဟားမန်းက “ဒီလူတွေက ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံတတ်ကြတဲ့ အခါမျိုးမှာဆိုရင် ခင်ဗျားကိုယ်ခင်ဗျာ ပြန်မေးမိပါလိမ့်မယ်။ ငါ ဒီအသင်းမှာ ဆက်ပြီး အလုပ်လုပ်ချင်တော့ရဲ့လားလို့။ တူဟယ်လ် သိပ်မကြာခင်လေးမှာပဲ ထွက်ခွာသွားနိုင်တယ်ဆိုတာကို ခင်ဗျား ငြင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ဒါပေမယ့် တူဟယ်လ်က သူ့သဘောဆန္ဒအတိုင်းသာ ထွက်သွားပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ရာ ဟားမန်းနဲ့ ဒီအကြောင်းကိစ္စကို ဆွေးနွေးနေသူကလည်း တူဟယ်လ်အနေနဲ့ ဒီနေ့မှာပဲ အသင်းနဲ့ လမ်းခွဲလိမ့်မယ်လို့ပါ ပြန်လည် သုံးသပ်ခဲ့ပါတယ်။

Photo Credit : FC Bayern Munich

ချယ်လ်ဆီး ပီအက်စ်ဂျီ နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ နည်းပြဟောင်း တူဟယ်လ်ဟာ ပြီးခဲ့တဲ့ မတ်လကုန်ခါနီးမှ ဘိုင်ယန်နဲ့ လက်တွဲခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် ပိုကယ်ဖလားတို့ကနေ ထွက်ခွာခဲ့ရသလို ဘွန်ဒက်စ်လီဂါကိုပါ လက်လွတ်လိုက်ရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ရာသီပိတ် နောက်ဆုံးပွဲ ရလဒ်တွေအရ ဒေါ့မွန်ကို အမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ (၁၁)ကြိမ်ဆက် ချန်ပီယံ ဖြစ်ခဲ့ရပါတယ်။