လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က သူတို့အသင်းအနေနဲ့ အခု ကြားရက်ထဲ အန်ဖီးလ်ကွင်းမှာ ဝုလ်ဗ်အသင်း မန်ယူနိုက်တက်အသင်းတွေနဲ့ ရင်ဆိုင်သွားရမဲ့ ပွဲစဉ်တွေဟာ အသင်းအတွက် အလွန် အရေးကြီးတဲ့ ရက်သတ္တပတ်ဖြစ်ပြီး ထိပ်ဆုံး(၄)သင်းနေရာကို ဝင်ရောက်နိုင်ဖို့အတွက် ဒီပွဲတွေကို အနိုင်ယူသွားရလိမ့်မယ်လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

Photo Credit : The Empire of The Kop

လီဗာပူးလ်အသင်းဟာ နောက်ဆုံး ကစားထားတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ဂိုးမရှိသရေ ဖြစ်ခဲ့ရပေမဲ့ ပရီးမီးယားလိဂ်မှာ (၃)ပွဲဆက်တိုက် clean sheets ရထားပြီး ရှုံးပွဲမရှိသေးပဲ (၇)မှတ် ရယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်က ဒီကြားရက်ထဲမှာလည်း ပရီးမီးယားလိဂ် ပွဲစဉ်(၇) ပွဲကျန်တစ်ပွဲကိုပါ ဆင်နွဲရဖို့ ရှိနေသေးတာကြောင့် ဒီပွဲကိုသာ နိုင်လိုက်မယ်ဆိုရင် top 4 နေရာနဲ့က ပိုပြီးတော့ကို နီးစပ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

ဒီအခြေအနေနဲ့ ပတ်သတ်ပြီး ကလော့ပ်က “အဲ့ဒါက (၄၅)မှတ်ပါ။ အမှီလိုက်နိုင်ဖို့အတွက် တကယ် ကောင်းတဲ့ အခိုက်အတန့်မျိုး ဖြစ်မှာပါ။ ဟုတ်တယ်။ ခင်ဗျား စိတ်ကူးကြည့်နိုင်တယ်။ ဒါ ကျွန်တော်တို့ လုပ်ဆောင်ချင်နေတာ အတိအကျပါပဲ။ ကျွန်တော်တို့တွေက (၃)ပွဲအတွင်း (၇)မှတ် ရထားခဲ့တယ်။ နောက်ဆုံးပွဲမှာတော့ ကျွန်တော်တို့တွေ သရေကျထားခဲ့တယ်။ ဒါကိုလည်း ကျွန်တော်တို့ အရင်က ကစားခဲ့တဲ့ ပွဲစဉ်တွေနဲ့ အတူတူပဲလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဂိုးတော့ မသွင်းယူနိုင်ခဲ့ဘူး။ လူတွေကတော့ ဒါဟာ အရေးအကြီးဆုံး လုပ်ဆောင်ရမဲ့ အရာလို့ ပြောနေပါတယ်။ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ တခြားအချက်တွေကိုလည်း ပြောင်းလဲပစ်လို့ မဖြစ်နိုင်ပါဘူး”

Photo Credit : Liverpool FC

“ဒါကို ကျွန်တော်တို့ အားထုတ် လုပ်ဆောင်ရပါမယ်။ အခုက အလွန် အရေးကြီးတဲ့ ရက်သတ္တပတ်ပါပဲ။ အဲ့ဒါကို လစ်လျူရှုလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့မှာ အိမ်ကွင်းပွဲနှစ်ပွဲ ကစားဖို့ ရှိနေပါတယ်။ ဒီတစ်ပတ်ထဲမှာတော့ ကျွန်တော်တို့တွေ နည်းနည်းလေးလောက် တွန်အားပေးချင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ဝုလ်ဗ်ကို ဧည့်ခံ ကစားပြီးတာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အန်ဖီးလ်မှာပဲ ဆက်လက် ရင်ဆိုင်သွားရမှာ ဖြစ်သလို ဒီပွဲကို ရလဒ်ကောင်းလိုက်မယ်ဆိုရင် သူတို့အသင်းရဲ့ top 4 မျှော်လင့်ချက်ပါ ပိုမို အားကောင်းလာနိုင်ပါတယ်။