လီဗာပူးလ် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပစ်မှတ်ဖြစ်နေရသူ နည်းပြ ရောဘတ်တို ဒီဇာကို ခေါ်ယူချင်တယ်ဆိုရင် ဒီဇာဘီရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင် (၁၂)သန်းနဲ့ ကမ်းလှမ်းသွားရမယ်လို့ ဘရိုက်တန်အသင်းက အသိပေးလိုက်ပါတယ်။

ဒီနှစ်ဘောလုံးရာသီအကုန်မှာ လက်ရှိနည်းပြတွေနဲ့ လက်တွဲဖြုတ်ကြတော့မယ့် ဘာစီလိုနာ လီဗာပူးလ်တို့အပြင် အဲရစ် တန်ဟက်ဂ်နဲ့ပါ ရှေ့ဆက်ဖို့ အခြေအနေမကောင်းတော့တဲ့ ယူနိုက်တက်ကလည်း ဘရိုက်တန်နည်းပြ ဒီဇာဘီကို အပြိုင်ပစ်မှတ်ထားလာပါတယ်။

Photo Credit : ESPN

အီတလီလူမျိုး ရှက်တာဒိုးနက် နည်းပြဟောင်း ဒီဇာဘီက ဘရိုက်တန်အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီးနောက် အသင်းကိုပါ ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ ဘရိုက်တန်အသင်းက ရုန်းကန်နေရပေမယ့်လည်း ဒီဇာဘီရဲ့ နည်းစနစ်ပိုင်းတွေကိုတော့ ထိပ်တန်း ကလပ်အသင်းတွေက သဘောကျနေတာကြောင့် လက်ရှိနည်းပြတွေနဲ့ လက်တွဲဖြုတ်ရတော့မယ့် အချိန်မှာ ဒီဇာဘီလို နည်းပြမျိုးနဲ့ ပြန်လည် အစားထိုးချင်လာတာ ဖြစ်ပါတယ်။

Photo Credit : Goal

လတ်တလောမှာတော့ ဒီဇာဘီဟာ ဘာစီလိုနာနဲ့ သိပ်သတင်းမထွက်တော့ပေမယ့်လည်း သူ့ကို လီဗာပူးလ်နဲ့ မန်ယူနိုက်တက်တို့ကတော့ အပြိုင်အဆိုင်ကို ပစ်မှတ်ထားလျက် ရှိနေပြီး ဒီဇာဘီကိုယ်တိုင်ကလည်း အသင်းကြီး တစ်သင်းသင်းကို ကိုင်တွယ်သွားဖို့အတွက် စိတ်လှုပ်ရှားလျက် ရှိနေပါတယ်။

ဘရိုက်တန်အသင်းဘက်ကတော့ သူတို့နည်းပြကို စွန့်လွတ်ရဖို့ ပြင်ဆင်ထားပြီ ဖြစ်ပေမယ့်လည်း ဒီဇာဘီကို ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ကတော့ သူတို့အသင်းနဲ့ သက်တမ်းရှိနေသေးတဲ့ ဒီဇာဘီအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် (၁၂)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့တော့ လိုအပ်တယ်လို့ အသိပေးလိုက်ပါတယ်။