အာဆင်နယ်အသင်းရဲ့ နည်းစနစ် ဒါရိုက်တာဖြစ်သူ အီဒူးက သူ့အနေနဲ့ လိုင်ယွန်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ပါတေကာကို အလွန်နှစ်သက်ပြီး ပါကေတာရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်နေရပေမယ့်လည်း အာဆင်နယ်မှာက ပါကေတာလို ကစားတဲ့နေရာချင်း တူညီနေတဲ့ ကစားသမားတွေ ရှိနေတဲ့အတွက် ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။

Image

Photo Credit : Twitter

ဒီနှစ် နွေဈေးကွက်အတွင်းမှာ ကစားသမားသစ် (၅)ဦးအထိကို ခေါ်ယူထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ လက်ရှိမှာလည်း ကစားသမားသစ်တွေ ဆက်လက် ခေါ်ယူသွားဖို့ ဆန္ဒရှိနေပြီး ကွင်းလယ်ပိုင်းကို အားဖြည့်သွားဖို့ ပစ်မှတ်ထားလို့နေပါတယ်။ ကွင်းလယ်ပိုင်းအတွက် တီလေမန်းစ် မီလင်ကိုဗစ်ဆာဗစ်နဲ့ ပါကေတာတို့ကို ချိန်ရွယ်နေတဲ့ အာဆင်နယ်ဟာ လိုင်ယွန်အသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်လူ ပါကေတာနဲ့ သတင်းတွေ ပိုထွက်နေပေမယ့် အာဆင်နယ်ဒါရိုက်တာ အီဒူးကတော့ သူတို့အနေနဲ့ ပါကေတာကို ခေါ်ယူမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

3 Reasons why Arsenal Should avoid Lucas Paqueta

Photo Credit : Pain in the Arsenal

ပါကေတာနဲ့ ပတ်သက်ပြီး အီဒူးက “ကျွန်တော် ပါကေတာကို အရမ်းကြိုက်ပါတယ်။ ကျွန်တော်က သူရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်နေတာ ကြာပါပြီ။ ဒါပေမယ့် လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့အတွက် စကားစမြည် ပြောစရာတောင် ရှိမနေပါဘူး။ သူ့နေရာအတွက် ကျွန်တော်တို့အသင်းမှာ ကစားသမား အများကြီး ရှိနေတာဖြစ်လို့ ဘာမှမဖြစ်ပါဘူး။ အဲ့ဒါပါပဲ။ ဒီထက်လည်း ပိုမပြောနိုင်တော့ပါဘူး” လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိအချိန်ထိ ဂါဘရီရယ်ဂျေဇူး ဇင်ချန်ကို ဗီအဲရာ မတ်တာနာနဲ့ မာကင်ဟို့စ်တို့ (၅)ဦးကို ခေါ်ယူ အားဖြည့်ထားခဲ့ပေမယ့်လည်း ကွင်းလယ်ပိုင်းအတွက် နောက်ထပ် ကစားသမားသစ်တစ်ဦးခန့်လောက် ထပ်မံ ဖြည့်တင်းသွားချင်နေပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ စုစုပေါင်း ယူရို(၁၃၂)သန်းအထိ သုံးစွဲထားပြီး ကစားသမား ပြန်လည် ရောင်းချမှုကနေ ယူရို(၁၄)သန်းသာ ပြန်ရထားတာဖြစ်လို့ ကွင်းလယ်ပိုင်း အားဖြည့်အတွက်ဆိုရင် အသင်းသားတချို့ကို မဖြစ်မနေ ရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။ လတ်တလောမှာတော့ အာဆင်နယ်ဟာ ဘယ်လာရင် တာဗာရက်စ် တော်ရဲရား နီကိုလာပေပေ မေလန်းနိုင်းစ် လေနို ပါဘလိုမာရီ အစရှိတဲ့ ကစားသမားတွေကို ရှင်းထုတ်သွားဖို့ ပြင်ဆင်နေပါတယ်။