လက်ရှိမှာ ၂၀၂၄ခုနှစ်ရဲ့ ဒုတိယလဖြစ်တဲ့ ဖေဖော်ဝါရီလ လဝက်ပိုင်းလောက်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကလပ်အသင်းတွေက ပွဲစဉ် အနည်းငယ်လောက်ကို ကစားထားပြီးပြီဖြစ်ကာ ကစားသမျှ ပွဲတိုင်းကို အနိုင်ယူထားတဲ့ ဥရောပ ကလပ်အသင်း (၃)သင်းလည်း ရှိနေပါတယ်။ ဒီအသင်းတွေကတော့ လာလီဂါ အင်အားကြီးအသင်း ဘာစီလိုနာနဲ့ ဘွန်ဒစ်လီဂါက ဒေါ့မွန် ယူနီယံဘာလင်အသင်းတွေပဲ ဖြစ်ပါတယ်။

Photo Credit : La Liga

လက်ရှိ လာလီဂါ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ ဘာစီလိုနာကတော့ ၂၀၂၃ခုနှစ်အတွင်း လက်ရှိအချိန်ထိ (၁၁)ပွဲ ကစားထားခဲ့ရာ လာလီဂါ (၆)ပွဲ ကိုပါဒယ်ရေး (၃)ပွဲနဲ့ စပိန်စူပါဖလား (၂)ပွဲ ကစားထားခဲ့ရာ ပွဲတိုင်း အနိုင်ရထားတဲ့အပြင် စပိန်စူပါဖလားမှာပါ ချန်ပီယံ ဖြစ်ခဲ့ရပြီး လာလီဂါမှာလည်း အနီးဆုံး ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကိုပါ (၁၁)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ လာမယ့် ကြားရက်မှာ ဘာစီလိုနာအနေနဲ့ မန်ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ပွဲကို ဆင်နွဲရတော့မှာဖြစ်လို့ သူတို့ရဲ့ နိုင်ပွဲဆက် မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Photo Credit : Sky Sports

ဘယ်သူမှ မထင်မှတ်ထားလောက်အောင် ခြေစွာနေတဲ့ ဂျာမန်ကလပ် ယူနီယံဘာလင်ကလည်း ၂၀၂၃ခုနှစ်ထဲမှာ ကစားထားသမျှ ခြေစမ်းပွဲပါ အပါအဝင် (၉)ပွဲလုံးကို အနိုင်ရထားခဲ့ပါတယ်။ အစ္စကို ကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ ခရိုအေးရှား ညာနောက်ခံလူ ယူရန်နိုဗစ်ကိုသာ ခေါ်ယူထားနိုင်တဲ့ ယူနီယံဘာလင်ဟာ ဘွန်ဒစ်လီဂါ (၅)ပွဲနဲ့ ပိုကယ်ဖလား (၁)ပွဲ နိုင်ထားခဲ့ရတာကြောင့် ဘွန်ဒစ်လီဂါ ချန်ပီယံဆုအတွက် ဘိုင်ယန်ကို ဖိအားပေးနေနိုင်သလို ပိုကယ်ဖလားမှာလည်း ကွာတားကို တတ်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

နောက်ဆုံးအသင်းကတော့ ဒေါ့မွန်ပါ။ အခုနှစ် ဘောလုံးရာသီအစမှာ ရလဒ်ပိုင်း မတည်ငြိမ်ခဲ့တဲ့ ဒေါ့မွန်ဟာ အခု ၂၀၂၃ထဲမှာတော့ ရလဒ်တွေ တောက်လျှောက် ကောင်းမွန်နေရပြီး ခြေစမ်းပွဲ အပါအဝင် (၈)ပွဲဆက် အနိုင်ရထားပါတယ်။ ဒေါ့မွန်က ဘွန်ဒစ်လီဂါ (၅)ပွဲ ပိုကယ်ဖလား (၁)ပွဲ အနိုင်ရထားပြီး ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်နဲ့ ယူနီယံဘာလင်တို့နောက် ဖိအားပေးထားနိုင်တဲ့အပြင် ပိုကယ်ဖလားဘက်မှာလည်း ကွာတားကို ရောက်ရှိထားပါတယ်။ ဒါပေမယ့် ဒီကြားရက်မှာတော့ ဒေါ့မွန်က ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲကို ရင်ဆိုင်ရမှာဖြစ်လို့ နိုင်ပွဲဆက်နိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။