ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ မန်ချက်စတာ စီးတီးအသင်းဟာ နာမည်ကျော် ဗြိတိန်ရုပ်သံကြီးဖြစ်တဲ့ BBC ကနေ BBCSPOTY ဆုပေးပွဲ အခမ်းအနားမှာတော့ သူတို့တစ်သင်းတည်းကနေပဲ ဆုတွေ အမြောက်အများကို သိမ်းပိုက် ရယူသွားနိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၅၄ခုနှစ်လောက်ကနေ စတင် ချီးမြှင့်ခဲ့တဲ့ BBCSPOTY ဆုပေးပွဲဟာ အင်္ဂလန် ဘောလုံးနယ်ပယ်ထဲကမှ တစ်နှစ်တာအတွင်း အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ ကစားသမား နည်းပြနဲ့ အသင်းတွေကို ရွေးချယ်ပြီး ဆုချီးမြှင့်တာ ဖြစ်ပါတယ်။

Photo Credit : BBC Sport

BBCSPOTY တော့ BBC ရဲ့ Sports Personality of the Year ဖြစ်ပြီး ဒီနှစ်အတွက် Sports Personality of the Year ဆုကိုတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမားဖြစ်သူ မယ်ရီအပ်စ်က ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။

နောက်ထပ် ဆုတွေဖြစ်တဲ့ BBC Sports Personality World Sport Star of the Year , BBC Sports Team of the Year Award နဲ့ BBC Sports Personality of the Year Coach Award တွေကိုတော့ မန်စီးတီး တစ်သင်းတည်းကပဲ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Pep Guardiola's latest masterpiece: How Man City won the treble | Goal.com

Photo Credit : Goal

BBC Sports Team of the Year Award ဆုကိုတော့ မနှစ်ကမှ မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့ပြီး တစ်ရာသီအတွင်း ဂိုးအမြောက်အများ သွင်းယူနိုင်ခဲ့တဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ရရှိသွားခဲ့ရပါတယ်။

နောက်ပြီး မန်စီးတီးအသင်းကို ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားနဲ့ တစ်ရာသီအတွင်း ဖလား(၃)လုံး ရယူပေးခဲ့တဲ့ နည်းပြ ပက်ပ် ဂွာဒီယိုလာက BBC Sports Personality of the Year Coach Award ဆုကို ပိုင်ဆိုင်ခဲ့သလို Treble Champions မန်စီးတီးအသင်းကလည်း BBC Sports Team of the Year Award ဆုကို ဆွတ်ခူးခဲ့ရပါတယ်။