မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူရဲ့ယူနိုက်တက် ကစားသမားတွေဟာ (၆)ရက်အတွင်း (၃)ပွဲအထိတောင် ကစားထားခဲ့ရတာဖြစ်လို့ အလွန် ပင်ပန်းနွမ်းနယ်နေရတယ်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အဲဗာတန် ဂါလာတာစာရေး နယူးကာဆယ်တို့လို အသင်းတွေနဲ့ အဝေးကွင်းပွဲစဉ်တွေကို ဆက်တိုက် ကစားခဲ့ရပြီး အဲဗာတန်ကိုသာ အနိုင်ရခဲ့သလို ဂါလာတာစာရေးကို ဦးဆောင်ထားပြီး သရေကျခဲ့သလို နယူးကာဆယ်ကိုလည်း အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Fabrizio Romano

“ကျွန်တော်တို့က စက်ရုပ်တွေ မဟုတ်ပါဘူး။ (၆)ရက်အတွင်း ခက်ခဲလွန်းလှတဲ့ (၃)ပွဲအထိ ကစားထားခဲ့မယ်ဆိုရင် အဆုံးမှာတော့ ပင်ပန်းနွမ်းနယ်မှုတွေက ပြသာနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါက ဆင်ခြင်ပေးနေတာ မဟုတ်ပေမယ့်လည်း ဒီလိုမျိုးတွေက တကယ်ကို ဖြစ်လာတက်ပါတယ်။”

“ဂါလာတာစာရေးနဲ့ပွဲ အဲဗာတန်တို့နဲ့ ပွဲတွေမှာ ကျွန်တော်တို့ ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ်နဲ့ ပွဲမှာတော့ ကျွန်တော်တို့ အသင်းရဲ့ စွမ်းဆောင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော် မပျော်ရွှင်မိပါဘူး။ ကစားသမားတွေအနေနဲ့ကလည်း ကိုယ့်ကိုကိုယ် ဝေဖန်ပိုင်းခြားနိုင်တက်မှာပါ။” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ဒါ့အပြင် တန်ဟက်ဂ်က မီဒီယာတွေမှာ ရေးသားနေကြသလို အသင်းက ကစားသမားတွေနဲ့ သူ့ကြားမှာ အဆင်မပြေမှုတွေ ရှိနေတယ် ဆိုတာတွေနဲ့ အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ ပြိုကွဲမှုတွေ ဖြစ်ပေါ်နေတယ် ဆိုတာတွေကလည်း တစ်ခုမှ မှန်ကန်ခြင်း မရှိပါကြောင်း တုံ့ပြန်ထားခဲ့ပါတယ်။

တန်ဟက်ဂ်က သူ့အနေနဲ့ သူ့ဆုံးဖြတ်ချက်တွေကို ကစားသမားဘက်က သဘောထား ကွဲလွဲနေခဲ့မယ်ဆိုရင် သူ့ကို တိုက်ရိုက်လာပြောဖို့ အခွင့်အရေးပေးထားပြီး ကစားသမားတွေ လာပြောသမျှကိုလည်း သူ သေချာနားထောင်ပေးကြောင်းပါ ပြောဆိုထားခဲ့ပါတယ်။