မနက်ဖြန်ည အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်သွားမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိဒ်စ်ယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်လို့ မဖြစ်တဲ့ ကစားသမား(၃)ဦး ရှိနေတယ်လို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ပြောကြားသွားခဲ့ပါတယ်။

Ten Hag confirmed the club would not appeal Casemiro's suspension after he was sent off against Palace at the weekend and is now set to miss three Premier League games

Photo Credit : Daily Mail

နည်းပြတန်ဟက်ဂ်က လိဒ်စ်နဲ့ပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်လူ တွမ်မီနေး တိုက်စစ်မှူး မာရှယ်နဲ့ တောင်ပံကစားသမား အန်တိုနီပါ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားလာပါတယ်။ လက်ရှိ ယူနိုက်တက်အသင်းမှာ ဗန်ဒယ်ဘိခ် အဲရစ်ဆင်တို့က ဒဏ်ရာပြသာနာတွေကြောင့် ကာလရှည် အနားယူနေရပြီး နောက်ထပ် ကွင်းလယ်လူ ကက်စီမဲရိုးမှာလည်း ပဲလေ့စ်နဲ့ပွဲစဉ်အတွင်း တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံထားရပါသေးတယ်။

Manchester United manager Erik ten Hag has confirmed that Anthony Martial, Scott McTominay and Antony will all miss Wednesday's Premier League clash with Leeds

Photo Credit : Daily Mail

လိဒ်စ်နဲ့ပွဲစဉ်နဲ့ ပတ်သတ်ပြီး နည်းပြတန်ဟက်ဂ်က “မာရှယ်နဲ့ တွမ်မီနေး သူတို့နှစ်ယောက်စလုံး လိဒ်စ်နဲ့ပွဲကို မပါဝင်နိုင်ပါဘူး။ အန်တိုနီလည်း အတူတူပါပဲ။ သူလည်း ပါဝင်နိုင်မှာ မဟုတ်လို့ ဒါတွေနဲ့ ပတ်သတ်ပြီး ဖြေရှင်းသွားဖို့ လိုအပ်ပါမယ်” လို့ အတည်ပြုသွားပါမယ်။ ဒါကြောင့် လက်ရှိ ယူနိုက်တက်အသင်း ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက်စ် ဖရက်ဒ်နဲ့ ဆာဘစ်ဇာတို့သာ ကျန်ရှိနေတော့တဲ့အတွက် တန်ဟက်ဂ်က ခံစစ်မှူး လင်ဒီလော့ကို ကွင်းလယ်ခံစစ်နေရာ အသုံးပြုလာဖွယ် ရှိနိုင်သလို အန်တိုနီ ဒဏ်ရာရနေပေမယ့် နောက်ထပ် တောင်ပံကစားသမားဖြစ်သူ ဂျေဒန်ဆန်ချိုက အသင်းအတွက် ပြန်လည် ကစားနိုင်ပြီဖြစ်လို့ ဒါက ယူနိုက်တက်အတွက် သတင်းကောင်း ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ခံစစ်ပိုင်းမှာလည်း ညာနောက်ခံလူ ဒါလော့ ဒဏ်ရာကနေ သက်သာလာပြီဖြစ်လို့ ဘစ်ဆာခါကိုပဲ ပွဲတိုင်း အသုံးပြုနေခြင်းကိုလည်း ဒါလော့-ဘစ်ဆာခါ အလှည့်ကျ အပြောင်းအလဲနဲ့ အသုံးပြုနိုင်တော့မှာလည်း ဖြစ်ပါတယ်။