ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့ည ၈နာရီခွဲ အချိန်မှာ ကစားရမယ့် ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပြစ်ဒဏ်ဘောတွေ အလွယ်တကူ မပေးဖို့ အသင်းသားတွေကို ပွဲကြို အင်တာဗျူးမှာ သတိပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၇) အဖြစ် ဆောက်သမ်တန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး နှစ်သင်းကြားမှာ ကစားသမား အင်အား ကွာခြားချက် ကြီးမားနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ကပဲ ရလဒ်ကောင်း တခု ရယူနိုင်ဖို့ အခွင့်အလမ်း များပြားနေပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် ဆောက်သမ်တန်က အသင်းခေါင်းဆောင် ဝက်ပရော့ဒ်ရဲ့ တည်ကန်ဘော ကန်သွင်းရာမှာ ထူးချွန်မှုကို အသုံးချကာ သွင်းဂိုးတွေ ရအောင် ကြိုးစားလေ့ ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ပေးဂိုး မပေးချင်ရင် ဂိုးဧရိယာအနီးမှာ ပြစ်ဒဏ်ဘောတွေ ပေးတာကို ရှောင်ရှားဖို့ လိုပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆောက်သမ်တန်ပွဲ အတွက် အိုးထရက်ဖို့ဒ်ကွင်းထဲကို အစောကြီး ရောက်နေတဲ့ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ ကစားသမားတွေ အနေနဲ့ ဆောက်သမ်တန်ဘက်ကို ပြစ်ဒဏ်ဘောတွေ အလွယ်တကူ မပေးဖို့ လိုအပ်ကြောင်းနဲ့ ဝက်ပရော့ဒ်ရဲ့ တည်ကန်ဘော ကန်သွင်းနိုင်စွမ်းကြောင့် ပေးဂိုး ခွင့်ပြုရနိုင်တဲ့ အခြေအနေတွေကို သတိထားဖို့ လိုကြောင်း ပွဲကြို အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။

Photo Credit: Sky Sports

အဲရစ် တန်ဟက်ဂ်က – “ဝက်ပရော့ဒ်နဲ့ ရင်ဆိုင် ကစားတိုင်း ပြစ်ဒဏ်ဘောတွေက ပြဿနာ ဖြစ်လေ့ ရှိပါတယ်။ ကျွန်တော်တို့က သူတို့ကို ပြစ်ဒဏ်ဘောတွေ အလွယ်တကူ ပေးလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝက်ပရော့ဒ်က ပြစ်ဒဏ်ဘောတွေ ကနေ ဂိုးသွင်းနိုင်စွမ်း ရှိလို့ပါ။ ကျွန်တော်တို့မှာ ဂိုးသမားကောင်း ရှိနေပေမယ့် စွန့်စားမှုတွေ လုပ်လို့ မရပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။