မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ကိုင်တွယ်ချိန်ကတည်းက အေဂျက်စ်မှာ ကျန်ခဲ့တဲ့ သူ့တပည့်ဟောင်းတွေကို ဆက်တိုက် ခေါ်ယူဖြစ်ခဲ့ပါတယ်။

ပထမဆုံး ဘောလုံးရာသီမှာပဲ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် နဲ့ တောင်ပံကစားသမား အန်တိုနီတို့ကို ခေါ်ယူခဲ့သလို ဒီရာသီမှာဆိုရင်လည်း သူနဲ့အတူ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ ကင်မရွန်း ဂိုးသမား အန်ဒရေ အိုနာနာကိုပါ တန်ဟက်ဂ်က ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ခဲ့ပါတယ်။

Photo Credit : The Mirror

အခုလို တန်ဟက်ဂ် ခေါ်ယူခဲ့တဲ့ သူ့တပည့်ကျော်တွေထဲမှာ ခံစစ်မှူး မာတီနက်ဇ် တစ်ဦးတည်းသာ အသင်းနဲ့ အဆင်ပြေနိုင်ခဲ့ပြီး အသင်းရဲ့ အဓိက ခံစစ်မှူးပါ ဖြစ်လာခဲ့ပေမယ့်လည်း အန်တိုနီ နဲ့ အိုနာနာတို့ကတော့ အသင်းအတွက် အကျိုးရှိစေတဲ့ ခေါ်ယူမှုတွေ မဖြစ်ခဲ့ပဲ အန်တိုနီက flop player ပါ ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း တန်ဟက်ဂ်ကတော့ သူ့တပည့်ဟောင်းတွေ ခေါ်ယူမှုကို ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေပြန်ပြီး အေဂျက်စ်အသင်းရဲ့ အသက် (၂၁)နှစ်အရွယ် နယ်သာလန် တိုက်စစ်မှူး ဘရိုင်ယန် ဘရော်ဘီကို ခေါ်ဆောင်ဖို့ စီစဉ်နေပြန်ပါတယ်။

Photo Credit : Eurosport

ဘရော်ဘီက အေဂျက်စ် လူငယ် အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး နည်းပြ တန်ဟက်ဂ်ရဲ့ တပည့်အရင်းအချာလည်း ဖြစ်ပါတယ်။ ဒီရာသီမှာလည်း ဘရော်ဘီက အေဂျက်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၄)ပွဲကစားထားပြီး (၁၂)ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

ဒီကစားသမားက သူရဲ့ဆရာသမား တန်ဟက်ဂ်သာ သူ့ကို ခေါ်ယူမယ်ဆိုရင် သူ့ဘက်က ပြောင်းရွှေ့ဖို့ အသင့်ပဲလို့ ဖွင့်ဟ ပြောဆိုခဲ့ဖူးသူဖြစ်ပြီး တန်ဟက်ဂ်အနေနဲ့ကလည်း ယူနိုက်တက် တိုက်စစ်မှာ ဟွိုင်လန်းနဲ့ နေရာအပြိုင်လုမယ့် တိုက်စစ်မှူးအဖြစ် ဘရော်ဘီကို လာမယ့်နွေလောက်မှာဖြစ်ဖြစ် ခေါ်ယူသွားချင်နေပါတယ်။