မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်က ဘရန့်ဖို့ဒ်အသင်းဟာ တကယ့်ကို ရင်ဆိုင်ရ ခက်ခဲတဲ့ အသင်းတစ်သင်းဖြစ်ပြီး မန်စီးတီးအသင်းတောင်မှ ကံကောင်းပြီး ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တာလို့ ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ မနေ့ညက ဘရန့်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရင်း တစ်ပွဲလုံးမှာ အိမ်ရှင် ဘရန့်ဖို့ဒ်ကို ဂိုးကန်သွင်းခွင့် (၃၁)ကြိမ်အထိတောင် မနည်းမနော ခွင့်ပြုပေးခဲ့ရတဲ့အပြင် နာကျင်အချိန်ပိုမှာ ရရှိခဲ့တဲ့ ဦးဆောင်ဂိုးကိုလည်း မထိန်းနိုင်ခဲ့ပဲ မိနစ်ပိုင်းလေးအတွင်း ချေပဂိုး ပြန်လည် ခွင့်ပြုရင်း တစ်ဂိုးစီ သရေရလဒ်နဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : centredevils

ဒီပွဲမှာ ပွဲချိန်ပြည့်နီးပါး ဘရန့်ဖို့ဒ်အသင်းက တောက်လျှောက် ဖိအားပေး တိုက်စစ်ဆင်သွားခဲ့ပြီး ဂိုးကံခေနေလို့သာ ဦးဆောင်ခွင့်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘရန့်ဖို့ဒ်ရဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနေးကလည်း ဒီပွဲမှာ ခြေစွမ်းကောင်းတွေ အနည်းငယ် ပျောက်ဆုံးနေခဲ့ရပါသေးတယ်။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က “နိုင်ငံတကာ ရက်သတ္တပတ်တွေအပြီးဆိုရင် အသင်းက အဲ့ဒီရက်သတ္တပတ်မတိုင်ခင်ကလို မြင့်မားတဲ့ အဆင့်အတန်းမျိုး ရှိမနေတက်တော့ဘူး။ ဘရန့်ဖို့ဒ်အသင်းက ဒီနေ့ပွဲစဉ်မှာ တစ်ချိန်လုံး ကျွန်တော်တို့ထက် ပိုသာအောင် ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။”

Photo Credit : centredevils

“သူတို့က စိတ်အားထက်သန်မှုတွေ ပိုပြခဲ့တယ်။ ဒီအသင်းရဲ့ ရည်ရွယ်ချက်ကတော့ ပွဲတိုင်းမှာ တိုက်ပွဲဝင်သွားဖို့ပါပဲ။ ကျွန်တော့်ဘက်ကလည်း ဒါတွေကို ပိုမို ပြသသွားရမှာပါ။ ဦးဆောင်ဂိုးသွင်းပြီးမှ ဒါကို မထိန်းထားနိုင်တာကလည်း တကယ်ကို စိတ်ပျက်စရာကောင်းပါတယ်။”

“ဒီအချိန်မှာ ကျွန်တော် ရမှတ်တစ်မှတ် ရယူနိုင်ခဲ့တာက ကံကောင်းတယ်ဆိုတာ ဟုတ်ပါတယ်။ နောက်ပြီး ဘရန့်ဖို့ဒ်နဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်ကိုလည်း ကျွန်တော် ကြည့်လိုက်ရပါသေးတယ်။ အဲ့ဒီပွဲမှာ စီးတီးက ကံကောင်းပြီးတော့ နိုင်ပွဲရသွားခဲ့တာပါ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။