မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ မကြာခင်မှာ စတင် ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်နဲ့ ပတ်သက်ပြီး ကစားသမားသစ် ထပ်မံ ဖြည့်တင်းဖို့ အရမ်း လိုအပ်နေမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆောင်းဈေးကွက်မှာ ကစားသမားသစ်တချို့ ထပ်မံ အားဖြည့်သွားဖို့ ရှိနေတယ်ဆိုပြီး သတင်းတွေ ဆက်တိုက် ထွက်ပေါ်လျက် ရှိနေပေမယ့်လည်း နည်းပြ တန်ဟက်ဂ်ကတော့ အသင်းရဲ့ လက်ရှိ ကစားသမားအင်အားက လုံလောက်မှု ရှိနေပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Fabrizio Romano

“ကျွန်တော် အသင်းရဲ့ လက်ရှိ ကစားသမားစာရင်းနဲ့ အဆင်ပြေနေပါတယ်။ ကျွန်တော်တို့မှာက ဒဏ်ရာ အခြေအနေတွေကြောင့် အသုံးပြုလို့ မရတဲ့ ကစားသမား အရေအတွက်တွေကိုက အရမ်းများပြားနေရတာပါ။ အဲ့ဒီ ကစားသမားတွေသာ ပြန်လာနိုင်ရင်တော့ ကျွန်တော်တို့က အင်အား တောင့်တင်းသွားပြီ။”

“ကက်စီမဲရိုး ပြန်လာနိုင်မယ်။ လီဆန်ဒရို မာတီနက်ဇ် နဲ့ မေဆန်မောင့်တို့လည်း ပြန်လာနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကစားသမား အင်အားက အလွန် တောင့်တင်းသွားပါလိမ့်မယ်။ မာတီနက်ဇ် နဲ့ ကက်စီမဲရိုးတို့က လာမယ့် ဇန်နဝါရီလ လလယ်ပိုင်းလောက်မှာ ပြန်လာနိုင်ပါလိမ့်မယ်။”

Photo Credit : Fabrizio Romano

“မေဆန်မောင့်ကတော့ ဇန်နဝါရီလထဲပဲ ပြန်ကစားနိုင်လိမ့်မယ်။ မက်ဂွိုင်းယားလည်း အတူတူပါပဲ။ ကျွန်တော် မျှော်လင့်ထားတာထက် ပိုစောကောင်းလည်း စောနိုင်ပါတယ်။ လင်ဒီလော့ဖ်ကတော့ ဒဏ်ရာကို ခွဲစိတ်တ်မှု ပြုလုပ်ထားတာမို့ (၂)ပတ်ခန့်လောက်အထိတော့ အနားယူသွားရပါဦးမယ်။” တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိမှာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင် နဲ့ လူငယ် တောင်ပံကစားသမားလေး အာမတ် ဒီယဲလ်လိုတို့ကလည်း ဒဏ်ရာတွေကနေ ပြန်လည် သက်သာနေပြီဖြစ်လို့ လေ့ကျင့်ခန်းတွေလည်း ပြုလုပ်နေပြီ ဖြစ်ပါတယ်။